၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ COVID-19 ကာကွယ်ဆေး ထိုးနှံထားပြီးသူများကိုသာ ကြည့်ရှုခွင့်ပြုရန် ကာတာ စီစဉ်နေ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ COVID-19 ကာကွယ်ဆေး ထိုးနှံထားပြီးသူများကိုသာ ကြည့်ရှုခွင့်ပြုရန် ကာတာ စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 21 June 2021

 ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကာတာနိုင်ငံသည် ပြိုင်ပွဲကျင်းပချိန်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံထားပြီးသူများကိုသာ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပြုရန် စီစဉ်နေကြောင်း သိရသည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ(၂၁)ရက်မှ ဒီ ဇင်ဘာ(၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယင်းအချိန်၌ ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ အများအပြားရှိနေလိမ့်မည်ဟုလည်း ၎င်းတို့က မျှော်မှန်းထားသည်။

ထို့ပြင် လာရောက်အားပေးကြမည့် ပရိသတ်များအား ကာကွယ်ဆေးထိုးနှံပေးသွားရန်အတွက် ကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းနေကြောင်းလည်း သိရသည်။

အိမ်ရှင် ကာတာနိုင်ငံ၏ တာဝန်ရှိသူများက ကာကွယ်ဆေးမထိုးရသေးဘဲ ရောက်ရှိလာမည့် ပရိသတ်များအတွက် ကာကွယ်ဆေး(၁)သန်း ထိုးနှံပေးသွားရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရခြင်းမရှိသေးသူများကို ကွင်းအ တွင်း လုံးဝဝင်ရောက်ကြည့်ရှုခွင့်မပြုရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

ကာတာဝန်ကြီးချုပ် အယ်လ်သာနီက ''ကာတာနိုင်ငံကို ရောက်ရှိလာမယ့် ပရိသတ်တွေအတွက် ကာကွယ်ဆေး(၁)သန်း ထိုးနှံပေးသွားဖို့ ကုမ္ပဏီတစ်ခုနဲ့ ဆွေးနွေးနေပါတယ်။ အဲဒီအချိန် နိုင်ငံအတော်များများမှာ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်နေမယ်လို့လည်း မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

ကာတာနိုင်ငံတွင်မူ လူဦးရေ၏ တစ်ဝက်ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent