NLD ပါတီ အပါအဝင် ပါတီများအနေဖြင့် ဥပဒေအရ လိုက်နာရမည့် အချက်များကို ကျူးလွန်ကြောင်း တွေ့ရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၈ အရ နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ရမည်ဟု UEC အဖွဲ့ဝင် ပြောကြား

NLD ပါတီ အပါအဝင် ပါတီများအနေဖြင့် ဥပဒေအရ လိုက်နာရမည့် အချက်များကို ကျူးလွန်ကြောင်း တွေ့ရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၈ အရ နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ရမည်ဟု UEC အဖွဲ့ဝင် ပြောကြား
Published 12 June 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီများ အားလုံးအနေဖြင့် ဥပဒေအရ နိုင်ငံရေးပါတီများ လိုက်နာရမည့်အချက်များကို ကျူးလွန်ကြောင်း တွေ့ရှိလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၈ အရ နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

ဇွန် ၁၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့၏ သတင်းစားရှင်လင်းပွဲတွင် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် UEC ဥက္ကဋ္ဌက ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခဲ့သည့် NLD ပါတီကို ဖျက်သိမ်း သည်အထိ လုပ်ဆောင်မည်ဟု ပြောကြားခဲ့ခြင်းများကို မီဒီယာအချို့က ရေးသားထားသည့်အတွက် ယင်းသို့လုပ်ဆောင်ရန် ရှိ မရှိ သိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေး မြန်းမှုကို ဦးခင်မောင်ဦးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရလည်းကောင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း ကောင်း နိုင်ငံရေးပါတီများကို ကြီးကြပ်ဖို့၊ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်းကအစ ပယ်ဖျက်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက် ခြင်းတာဝန်ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်ဖြစ်ပါတယ်။ အဲတော့ နိုင်ငံရေးပါတီများအနေနဲ့လည်း သတ်မှတ် ထားတဲ့ နိုင်ငံရေးပါတီ တည်ထောင်တဲ့နေ ရာမှာ ဝန်ခံချက်တွေ ရှိပါတယ်။ နောက် လိုက် နာဆောင်ရွက်ရမယ့် အချက်တွေရှိပါတယ်။ ပုဒ်မ ၁၀ ဆိုရင် ဒီလိုကျူးလွန်တဲ့သူတွေကို ပါတီဝင်အဖြစ် မထားရတာတွေရှိပါတယ်။ နောက် နိုင်ငံရေးပါတီများ ရပ်တည်ပိုင်ခွင့် မရှိတဲ့ ပုဒ်မ ၁၂(က)၊ နောက် နည်းဥပဒေ ၁၅၊ ဒီအချက်တွေကို နိုင်ငံရေးပါတီများ အနေနဲ့ လိုက်နာစောင့်ထိန်းရမှာ ဖြစ်ပါတယ်။ အ ကယ်၍များ ဒီပုဒ်မများကို ကျူးလွန်တယ်ဆို ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ မှာလည်း ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေးပါ တီများဥပဒေ ၁၂(က)၊ နည်းဥပဒေ ၁၅ တို့ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ဆက်လက်ရပ် တည်ပိုင်ခွင့်မရှိစေတဲ့ အပြုအမူများကို အ ချက်အလက်များကို ကျူးလွန်ရင်တော့ ဥပ ဒေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီ လိုလုပ်တဲ့အခါမှာ NLD ပါတီမှ မဟုတ်ပါ ဘူး၊ ကျန်တဲ့ပါတီတွေရော အားလုံး ဒီအချက် အလက်တွေကို ကျူးလွန်ကြောင်း ကော်မ ရှင်က တွေ့ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၈ အတိုင်းပဲ ကော်မရှင်က နိုင်ငံရေး ပါတီအဖြစ်ကနေ ပယ်ဖျက်ရမှာဖြစ်ကြောင်း ဖြေကြားလိုပါတယ်”  ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို လိုက်နာ ခြင်း ရှိ မရှိ စိစစ်နိုင်ရန်အတွက် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ ပြည်ထဲရေးဝန် ကြီးဌာနသို့ နိုင်ငံရေးပါတီ ၉၃ ပါတီနှင့် ဗဟို အလုပ်အမှုဆောင်များစာရင်းအား မေလ ၂၄ ရက်က ပေးပို့ထားကြောင်း သိရသည်။

ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက   “ပါတီဝင်တွေကို စည်းရုံးတဲ့အခါမှာလည်း နိုင်ငံရေးပါတီ ပုဒ်မ ၁၀ ပါ အရည်အချင်းများ နဲ့ ကိုက်ညီသူများကိုသာ စည်းရုံးရမှာ ဖြစ်ပြီး တော့ မကိုက်ညီရင် ပါတီကနေပြီးတော့ ထုတ် ပယ်ရမှာ ဖြစ်ပါတယ်။ အလားတူပဲ နိုင်ငံရေး ပါတီတစ်ခုဟာ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂(က)ပါ အချက်တွေကိုလည်း တစ်ရပ်ရပ်နဲ့ ငြိစွန်းရင်လည်း နိုင်ငံရေးပါတီ အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဘဲနဲ့ ၁၂(ခ)အရ ပါတီကို ကော်မရှင်က မှတ်ပုံတင် ခြင်းကို ပယ်ဖျက်ပြီးတော့ ပါတီကို ဖျက်သိမ်း ရ မှာ ဖြစ်ပါတယ်။ အဲတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၅ မှာလည်း ဒီအတိုင်းပဲ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေ နဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ တို့အရ နိုင်ငံရေးပါတီများကို တာဝန်ရှိသည်နှင့် အညီ ဒါဟာ လိုအပ်တဲ့အချက်အရ ဒီဟာ တွေက အားလုံးကို ပါတီအားလုံးကို ဥပဒေ တွေနဲ့အညီ စိစစ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း ဖြေကြားလိုပါတယ်” ဟု ပြောကြား သည်။

နိုင်ငံရေးပါတီများကို ကြီးကြပ်ရန် တာ ဝန်သည် ကော်မရှင်၏တာဝန်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေကို လေးစားလိုက်နာရန် လည်း တာဝန်ရှိကြောင်း၊  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၀၇ တွင်  အချက်တစ်ချက် ငြိ စွန်းပါက ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိ ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၄၀၈ အရ မှတ်ပုံ တင်ခွင့်ပေးနိုင်သည့် ့နဃ က ပါတီကို ဖျက် ရမည့်တာဝန်လည်းရှိကြောင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ဆိုပါက  ပါတီတည်ထောင်ခွင့်တင်ပြသည့် နေရာတွင် ပါတီတည်ထောင်သူများသည်  ပုဒ်မ ၄ ပါအချက်များနှင့် ကိုက်ညီသူများဖြစ် ရမည်ဖြစ်ကြောင်း၊  ပုဒ်မ ၆ ပါ အချက်များကို စောင့်ထိန်းလိုက်နာရမည်သူများလည်း ဝန် ခံချက်ပါရှိရမည်ဖြစ်ကြောင်း ကော်မရှင်အ ဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

Most Read

Most Recent