အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန်နှင့် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန်နှင့် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 11 June 2021

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေအစည်းအဝေးမှ ကြေညာခဲ့သည့် ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရန်သည် အရေးကြီးကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးတိုရှီမစ်ဆုမိုတဲဂီက ဇွန် ၁၀ ရက်တွင်  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနှင့် ဖုန်းဆက်ဆွေးနွေးမှုအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

ဂျပန်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတို့သည် ဇွန် ၁၀ ရက် မွန်းလွဲပိုင်းက မိနစ် ၄၀ ကြာ ဖုန်းပြောဆိုခဲ့ကြပြီး မြန်မာ့ အရေးနှင့် ဒေသတွင်းအရေးကိစ္စများကို ဖလှယ်ဆွေးနွေးခဲ့ကြသည်။

+က အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍  မြန်မာနိုင်ငံကိုလာရောက်ခဲ့သည့် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အယ်ရီဝမ် ပက်ဟင်ယူဆော့ဖ်နှင့် ဇွန် ၉ ရက်က ဆွေးနွေးဖြစ်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရသိရသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီဘက်ကမူ  အာဆီယံရဲ့ခြေလှမ်းဆောင်ရွက်ချက်များနှင့် အင်ဒိုနီးရှား၏ ပါဝင်ဆောင်ရွက်ချက်များကို ပြန်လည်ရှင်းပြခဲ့ကြောင်းသိရသည်။  

ဆက်လက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ်တာဝန်ပေးခန့်အပ်ရေးနှင့်  လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေးအပါအဝင်  အာဆီယံ၏လုပ်ဆောင်ချက်များကို ဂျပန်နိုင်ငံကဆက်ပြီး အားပေးမည့်အကြောင်း ပြောဆိုခဲ့ပြီး ထိန်းသိမ်းဖမ်းဆီးခံထားရသူများ ပြန်လွတ်လာရန် အရေးကြီးကြောင်းလည်း ပြောဆိုခဲ့သည်။  

ယင်းဆွေးနွေးမှုတွင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက မြန်မာ့အရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြသည်။

ဇွန် ၈ ရက်ကေလည်း ဂျပန်နိုင်ငံအောက်လွှတ်တော်က မျက်နှာစုံညီအစည်းအဝေးပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရှင်သန်လာအောင် သံတမန်ရေးအရင်းအမြစ်အားလုံးကို အပြည့်အဝအသုံးချရန် ဂျပန်အစိုးရထံ တောင်းဆိုခဲ့ပြီး မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းရှိကြောင်းဖော်ပြခဲ့သည်။

ထို့အပြင် အကြမ်းဖက်မှုပဋိပက္ခများအမြန်ဆုံးရပ်တန့်ရန်၊  အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရ ထိန်းသိမ်းထားသူများကို အမြန်ပြန်လွှတ်ပေးရန်လည်း ဂျပန်အောက်လွှတ်တော်က တောင်းဆိုခဲ့သည်။

Most Read

Most Recent