နျူကလီးယား ကပ်ဘေးအလွန် ဖူကူရှီးမား၏ ပစ္စက္ခအခြေအနေ

နျူကလီးယား ကပ်ဘေးအလွန် ဖူကူရှီးမား၏ ပစ္စက္ခအခြေအနေ
Published 8 March 2021
ခိုင်

ဂျပန်သည် ၎င်း၏နျူကလီးယားဓာတ် ပေါင်းဖိုများတွင် လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းထားခြင်း၊ ဓာတ်ပေါင်းဖိုများကို ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်နေခြင်းနှင့်အတူ ဖူကူရှီးမား နျူကလီးယားကပ်ဘေးဖြစ်ပွားခဲ့ပြီး နောက် ၁၀ နှစ်ကြာသည်အထိ ဂျပန်၏နျူကလီးယား စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းမှာ ယိုင်နဲ့နေဆဲဖြစ်သည်။

စွမ်းအင်တင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျော့ကျစေရန်အတွက်သော်လည်းကောင်း၊ ၂၀၅၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးရည်မှန်းချက်ကို ပြည့်မီစေရန်အတွက်သော်လည်းကောင်း ဂျပန်အစိုးရအဖွဲ့က နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေးကဏ္ဍကို ပြန်လည်သက်ဝင် လှုပ်ရှားလာစေရန် မျှော်လင့်နေသည်။

ဖူကူရှီးမားအခြေအနေ ဘယ်လိုရှိသလဲ

အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ ပြီးနောက် ၂၀၁၁ မတ် ၁၁ ရက်တွင် နောက်ဆက်တွဲဆူနာမီလှိုင်း ဝင်ရောက်ခဲ့ရာ Fukushima Daiichi နျူကလီးယားစက်ရုံ၏ဓာတ်ပေါင်းဖိုလေးခုတွင် အကြီးအကျယ်ထိခိုက် ပျက်စီးခဲ့သည်။ လက်ရှိအချိန်အထိ Fukushima Daiichi နျူကလီးယားစက်ရုံတွင် ဝန်ထမ်း ၅,၀၀၀ ဝန်းကျင် အလုပ်လုပ်ကိုင် နေဆဲဖြစ်သည်။

နျူကလီးယားစက်ရုံဝင်းအတွင်း နေ ရာအချို့တွင် သတ္တုအပိုင်းအစများ ပြန့်ကျဲ နေပြီး အထူးသဖြင့် ဆူနာမီလှိုင်းဝင်ရောက် စဉ်က အမိုးပြုတ်ထွက်ခဲ့သည့် နျူကလီးယား ဓာတ်ပေါင်းဖို အမှတ် (၁) ၏ထိပ်ပိုင်းတွင် သတ္တုစများ ရှုပ်ထွေးလျက်ရှိသည်။

ကပ်ဘေးဖြစ်ပွားချိန်က နျူကလီးယား ဓာတ်ပေါင်းဖိုသုံးခု ပြိုလဲပျက်စီးခဲ့ပြီး လက်ရှိ အချိန်အထိ ရေဒီယိုသတ္တိကြွမှု တိုင်းတာရေး ကိရိယာဖြင့် တိုင်းတာချိန်တိုင်း စက်ရုံဝင်း တွင်း ရေဒီယိုသတ္တိကြွမှုမြင့်မားနေဆဲဖြစ် သည်ကို တွေ့မြင်နေရဆဲဖြစ်သည်။

ဓာတ်ပေါင်းဖိုများ၏ အနီးဝန်းကျင်ကို ရှင်းလင်းဖယ်ရှားထားပြီး လောင်စာတိုင်များ ကို ဝန်ချီစက်များဖြင့် ဖယ်ရှားထားကာ ဆူနာမီလှိုင်း ဝင်ရောက်မှုဒဏ်ကို ကာကွယ်ရန် ကွန်ကရစ်တမံသစ်များ တည်ဆောက်ထား သည်။

သို့သော် ဆောင်ရွက်ရန်အခက်ခဲဆုံး အပိုင်း ကျန်ရှိနေသေးသည်။ ယင်းအပိုင်းမှာ တန်ချိန် ၉၀၀ နီးပါးရှိသော လောင်စာဆီအ ရည်များထဲတွင် ရောထွေးနေသည့် ရေဒီယို သတ္တိကြွမှု မြင့်မားသော အပျက်အစီးများကို ဆယ်ယူရန်ကိစ္စဖြစ်သည်။ လောင်စာရည်ထဲမှ အပျက်အစီးများကို ဆယ်ယူရန်အတွက် အထူးတီထွင်ထုတ်လုပ်မည့် စက်ရုပ်လက် တီထွင်မှုလုပ်ငန်းစဉ်ကို ဗြိတိန်တွင် လုပ် ဆောင်နေသော်လည်း COVID-19 ကပ်ရောဂါကြောင့် နှောင့်နှေးကြန့်ကြာနေရာ ရေဒီယိုသတ္တိကြွ ပစ္စည်းများ ရှင်းလင်းဖယ် ရှားရေးလုပ်ငန်းစဉ်ကို ၂၀၂၂ ခုနှစ်နောက် ဆုံးထား၍ စတင်နိုင်ရန် ကြိုးပမ်းနေရသည်။

သို့ရာတွင် ရေဒီယိုသတ္တိကြွ ပစ္စည်းများ ရှင်းလင်းဖယ်ရှားမှုသည် Fukushima Daiishi နျူကလီးယားစက်ရုံကို ပိတ်သိမ်းပစ် မည့်လုပ်ငန်း၏ အခိုက်အတံ့ပြောင်းလဲမှု တစ်ခုသာဖြစ်ပြီး စက်ရုံပိတ်သိမ်းမှုလုပ်ငန်း စဉ်ပြီးမြောက်အောင် အစွမ်းကုန်ဆောင် ရွက်လျှင်ပင် နှစ် ၃၀ မှ ၄၀ အကြား ကြာမြင့် လိမ့်မည်ဖြစ်သည်။

စက်ရုံအတွင်း ဘာတွေအန္တရာယ်ရှိနေသလဲ

ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းတွင် ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ဖူကူရှီး မားရှိ နျူကလီးယားစက်ရုံအပါအဝင် အခြား သောနေရာများ၌ ပျက်စီးဆုံးရှုံးမှု၊ နောက် ဆက်တွဲဆူနာမီလှိုင်းဝင်ရောက်မှု မရှိခဲ့ပေ။

သို့သော် ထိုငလျင်လှုပ်ခတ်မှုသည် နျူကလီးယား ဓာတ်ပေါင်းဖိုများတွင်ရှိသော ရေ၏ အေးမြသောအဆင့်သတ်မှတ်ကို လျော့ကျစေခဲ့သည်။ အနီးဝန်းကျင်ရှိ မြေအတွင်းသို့ ရေစိမ့်ဝင်နိုင်ခြင်းမရှိစေရန်အတွက် ဓာတ်ပေါင်းဖိုတွင်းရှိ ရေကို အလုံပိတ် စနစ်အတွင်း ထားရှိထားခြင်းကြောင့် ရေ၏ အပူချိန်မြင့်တက်လာမှုသည် အကန့်အသတ်ရှိကြောင်း နျူကလီးယားစက်ရုံကို လည်ပတ်နေသည့် TEPCO ကုမ္ပဏီက ပြောကြားခဲ့သော်လည်း ငလျင်လှုပ်ခတ်ပြီး ချိန်တွင် ရေအပူချိန်မြင့်တက်ခဲ့သည်။

နျူကလီးယားဓာတ်ပေါင်းဖိုများ၏ အောက်ခြေရှိ မြေဆီလွှာအတွင်း စိမ့်ဝင်နေ သော တောင်ကျ မြေအောက်ရေတွင် ရေဒီယိုသတ္တိကြွ မှုများ ဖြစ်ပွားလာနေခြင်းသည် ပြင်းအား ၇.၃ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကြုံတွေ့နေရသည့် အဓိကပြဿနာရပ်ဖြစ်နေသည်။

လက်ရှိတွင် ရေစိမ့်ထွက်မှုကို “ရေခဲနံရံ” ဟု အသိများသည့် အေးခဲမြေဆီလွှာဖြင့် တားဆီးကာကွယ်ပေးထားသည်။ မြေအောက်အနက် ၃၀ မီတာ၌ရှိပြီး ၁.၅ ကီလိုမီ တာရှည်လျားသည့် အဆိုပါအေးခဲမြေဆီလွှာကို ၂၀၁၈ ခုနှစ်တွင် ထားရှိခဲ့ခြင်းဖြစ် သည်။

၂၀၂၀ ပြည့်နှစ်အတွင်း Fukushima Daiishi နျူကလီးယားစက်ရုံတွင် နေ့စဉ် ရေ ဒီယိုသတ္တိကြွ နေသည့် ရေ ၁၄ ကုဗမီတာ ဝန်းကျင်ကို လည်ပတ်နေခြင်းနှင့်အတူ အေးမြစေရန်အတွက် မိုးရေနှင့်အခြားသောရေ များအသုံးပြုခြင်းသည် အန္တရာယ်ကို လက်ယက်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။

ရေဒီယိုသတ္တိကြွ ပစ္စည်းအများစုကို ဖယ်ရှားရန် ညစ်ညမ်းနေသည့် ရေကို သန့်စင်အောင် စစ်ထုတ်ထားပြီး စစ်ထုတ်ထား ပြီးသည့်ရေများကို စက်ရုံဝင်းအတွင်းရှိ အပြာရောင်၊ မီးခိုးရောင်၊ နို့နှစ်ရောင် သိုလှောင် ကန်များအတွင်းသို့ ထည့်သွင်းထားသည်။

သို့သော် ရေသိုလှောင်ရန် နေရာ မလောက်မငဖြစ်နေပြီး ၂၀၂၂ နွေရာသီသို့ ရောက်ရှိလာချိန်တွင် စစ်ထုတ်ရေများကိုသို လှောင်ရန် သိုလှောင်ကန် လုံးဝပြတ်လပ်သွားလိမ့်မည်ဖြစ်သောကြောင့် အစိုးရအဖွဲ့ က အငြင်းပွားဖွယ်အစီအစဉ်တစ်ရပ်ကို အတည်ပြုနိုင်ရန် မျှော်လင့်နေသည်။ ထိုအစီအစဉ်မှာ ရေဒီယိုသတ္တိကြွ ပစ္စည်းများ စစ် ထုတ်ထားသော ရေကို ပင်လယ်အတွင်းသို့ တဖြည်းဖြည်းချင်း လွှတ်ပေးမည့်အစီအစဉ် ဖြစ်သည်။

နျူစွမ်းအင်ထုတ်လုပ်မှုအခန်းကဏ္ဍ

ဖူကူရှီးမားနျူကလီးယားကပ်ဘေး ဖြစ် ပွားခဲ့ပြီးနောက် ဂျပန်နိုင်ငံရှိ နျူကလီးယား ဓာတ်ပေါင်းဖိုများအားလုံးကို လုပ်ငန်းလည် ပတ်မှု ရပ်ဆိုင်းခဲ့ပြီး နျူကလီးယားနှင့်သက် ဆိုင်သော ဘေးကင်းလုံခြုံမှုစည်းမျဉ်းများ ကိုတင်းကျပ်ခဲ့သည်။

လက်ရှိတွင် ဓာတ်ပေါင်းဖို ကိုးခုသာ လုပ်ငန်းလည်ပတ်နေပြီး ဓာတ်ပေါင်းဖို နှစ် ဒါဇင်ထက်မနည်းကို ဖျက်သိမ်းရန် ပြင်ဆင် နေသည်။ ကပ်ဘေးမဖြစ်ခင်ကာလက ဂျပန် $ နျူကလီးယားဓာတ်ပေါင်းဖို ၅၄ ခု လုပ်ငန်း လည်ပတ်ခဲ့သည်။

၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဂျပန်၌ ဖြန့် ဝေသုံးစွဲနေသော လျှပ်စစ်ဓာတ်အားစုစု ပေါင်း၏ ၆.၂ ရာခိုင်နှုန်းကို နျူကလီးယားမှ ရရှိခြင်းဖြစ်သည်။ ကပ်ဘေးမတိုင်မီကမူ နျူ ကလီးယားသည် ဂျပန်တွင် လျှပ်စစ်စွမ်းအင် ၃၀ ရာခိုင်နှုန်းကို ထုတ်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဖူကူရှီးမားနျူကလီးယားကပ်ဘေး ကြောင့် ပြည်သူအများ စိတ်ဒဏ်ရာရရှိခဲ့ပြီး နောက် နျူကလီးယားမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည့်အစီအစဉ်ကို ဂျပန်ပြည်သူ အများစုက ကန့်ကွက်ခဲ့ကြသည်။ ထို့ပြင် Fukushima Daiishi နျူကလီးယားစက်ရုံ တွင် လုပ်ငန်းပြန်လည်စတင်ခြင်းကို ကန့် ကွက်တားဆီးရန် ကြိုးပမ်းမှုအဖြစ် စက်ရုံအ နီးတွင် နေထိုင်သူများက ကုမ္ပဏီကို တရားစွဲ ဆိုမှုအများအပြား လုပ်ဆောင်ခဲ့ကြသည်။

ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးရည် မှန်းချက်များကို ပြည့်မီစေရန် ဂျပန်က ကြိုး ပမ်းနေစဉ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် နျူက လီးယားစွမ်းအင်ထုတ်လုပ်သည့်ကဏ္ဍမှ ကုမ္ပဏီအချို့က သဘောတူနေကြသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ် မှုကို မြှင့်တင်ရန်အတွက် ၁၀ နှစ်ကျော်ကာ လအတွင်း ယန်း ၂ç၀၀၀ ဘီလျံ (ဒေါ်လာ ၁၈ ဘီလျံ) ရင်းနှီးမြှုပ်နှံသွားမည်ဟု Tepco က ပြီးခဲ့သည့်ဇွန်တွင် ထုတ်ပြန်ခဲ့သည်။ Toshiba နှင့် Hitachi ကုမ္ပဏီတို့က မကြာသေး မီနှစ်များအတွင်း ဗြိတိန်၌ လုပ်ဆောင်နေ သော နျူကလီးယားစွမ်းအင် စီမံကိန်းများကို စွန့်လွှတ်ခဲ့ကြသည်။

 

Most Read

Most Recent