ချယ်လ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခံထားရသော်လည်း အသင်းထံမှလစာငွေ တစ်ပတ်ပေါင်(၇၅၀၀၀)ကို လမ်းပတ် ရရှိနေဆဲ

ချယ်လ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခံထားရသော်လည်း အသင်းထံမှလစာငွေ တစ်ပတ်ပေါင်(၇၅၀၀၀)ကို လမ်းပတ် ရရှိနေဆဲ
Published 15 February 2021

ချယ်လ်ဆီးအသင်းသည် လမ်းပတ်အား ရာထူးမှထုတ်ပယ်ခဲ့သော် လည်း သူ၏ လစာငွေကို ယခုနှစ်ဇူ လိုင်လအထိ ပုံမှန်အတိုင်း ဆက်လက် ပေးချေသွားရန် သဘောတူထားကြောင်းသိရှိရသည်။

ချယ်လ်ဆီးအသင်းနည်းပြဟောင်း လမ်းပတ်သည် ချယ်လ်ဆီး အသင်းထံမှ လစာငွေ (တစ်ပတ်ပေါင် ၇၅၀၀၀)ကို ယခုအချိန်အထိ ရရှိနေဆဲဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် လမ်းပတ်အား ရာထူးမှထုတ်ပယ်ခဲ့သော် လည်း သူ၏ လစာငွေကို ယခုနှစ်ဇူ လိုင်လအထိ ပုံမှန်အတိုင်း ဆက်လက် ပေးချေသွားရန် သဘောတူထားကြောင်းသိရှိရသည်။

သို့သော် ယင်းဇူလိုင်လမတိုင်မီအတွင်း လမ်းပတ်အနေဖြင့် အခြားသော ကလပ်အသင်းတစ်သင်းသင်းကို ကိုင်တွယ်ခဲ့ပါက ယင်းလစာငွေကို ဆက်လက်ပေးချေမည်မဟုတ်ဘဲ ရပ်ဆိုင်းမည်ဖြစ်ကြောင်းလည်း Daily Mail က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းကို (၁၈)လခန့်သာ ကိုင်တွယ်ခဲ့ရသူ လမ်းပတ်သည် သူ့အား ရာထူးမှ ထုတ်ပယ်မှုအတွက် ချယ်လ်ဆီးအသင်းထံမှ လျော်ကြေးငွေ ပေါင်(၂)သန်းသာ ရရှိခဲ့ပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်လက်ထက် နည်းပြများထဲတွင် လျော်ကြေးငွေရရှိမှု အနည်းဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လက်ရှိတွင် အသက် (၄၂)နှစ် အရွယ် လမ်းပတ်အား လိဂ်ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းက နည်းပြသစ်အဖြစ်ခန့်အပ်ရန် ဆက်သွယ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

သို့သော် လမ်းပတ်အနေဖြင့် လာမည့်ရာသီမှသာ အသင်းတစ်သင်းသင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent