မန်ယူနှင့်ပွဲ၌ ပြီးပြည့်စုံသည့်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်ဟု သောမတ်စ်ဖရန့်ခ် ဆို

မန်ယူနှင့်ပွဲ၌ ပြီးပြည့်စုံသည့်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်ဟု သောမတ်စ်ဖရန့်ခ် ဆို
Photo: X
Photo: X
Published 1 April 2024

ဘရန့်ဖို့ဒ်အသင်း၏နည်းပြ သောမတ်စ်ဖရန့်ခ်က မန်ယူနှင့် (၁-၁)ဂိုးဖြင့် သရေကျခဲ့သောပွဲတွင် မိမိတို့အနေဖြင့် ပြီးပြည့်စုံသည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ယင်းပွဲတွင် မန်ယူအသင်းက ပွဲချိန်(၉၀+၆)မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဘရန့်ဖို့ဒ်အသင်းက (၉၀+၉)မိနစ်တွင် ချေပဂိုးပြန်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

''ဒီပွဲမှာ အသင်းတစ်သင်းတည်းကပဲ အနိုင်ရသင့်တယ်ဆိုရင် အဲဒါ ကျွန်တော်တို့ပဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ (၉၆)မိနစ်မှာ (၀-၁)ဂိုးနဲ့ ရှုံးနေတော့ ဘောလုံးက ရက်စက်တယ်လို့ ထင်ရပေမဲ့ ဘောလုံးနတ်ဘုရားက အခွင့်အရေးပြန်ပေးခဲ့ပါတယ်''ဟု သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့သည်။

Most Read

Most Recent