အတိုက်အခံခေါင်းဆောင် နာဗာညီက ရုရှားနိုင်ငံ လွတ်မြောက်ရေးအတွက် ထောက်ခံသူများကို တောင်းဆို

အတိုက်အခံခေါင်းဆောင် နာဗာညီက ရုရှားနိုင်ငံ လွတ်မြောက်ရေးအတွက် ထောက်ခံသူများကို တောင်းဆို
Published 5 February 2021
Ref: AFP

ကရင်မလင်ဝေဖန်ရေးသမား အလက်ဇီ နာဗာညီက ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး နောက်ပိုင်း ပထမဆုံး မှတ်ချက်စကားအဖြစ် ရုရှားနိုင်ငံလွတ်မြောက်ရေးအတွက် ၎င်း၏ထောက်ခံသူများအား ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

အကယ်၍ ရုရှားပြည်သူများအနေဖြင့် ဆက်လက်ကြောက်ရွံ့နေမှသာ အာဏာပိုင် များသည် အာဏာကို ထိန်းသိမ်းထားနိုင်လိမ့် မည်ဟု အလွဲသုံးစားလုပ်မှုစွဲချက်များဖြင့် ဖေဖော်ဝါရီ ၂ ရက်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ ရသည့် အသက် ၄၄ နှစ်အရွယ် အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး စည်းရုံးလှုံ့ဆော်သူ နာဗာညီက ၎င်း၏ Instagram တွင်ရေးသား ဖော်ပြခဲ့သည်။

“ဒါပေမယ့် ကျွန်တော်တို့တွေဟာ အကြောက်တရားကို ကျော်လွှားချိုးနှိမ်ပြီး လက်ရှိအာဏာရထားတဲ့ လက်တစ်ဆုပ်စာ သူခိုးတွေလက်ထဲကနေ ကျွန်တော်တို့နိုင်ငံကို လွတ်မြောက်အောင်လုပ်ဆောင်နိုင်ပါ တယ်ဟု နာဗာညီက ရေးသားဖော်ပြခဲ့သည်။

နာဗာညီသည် ပြီးခဲ့သည့် သြဂုတ်လက အာရုံကြော ထိခိုက်စေသည့် Novichok အဆိပ်ဖြင့် လုပ်ကြံခံခဲ့ရသဖြင့် ဂျာမနီတွင် ဆေးဝါးကုသမှုခံယူခဲ့ရပြီးနောက် ပြီးခဲ့သည့် လတွင် ရုရှားသို့ပြန်လည်ရောက်ရှိခဲ့ချိန်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းအဆိပ်ခတ်မှုကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ထောက်လှမ်းရေးအဖွဲ့ များက ပြုလုပ်ခြင်းဖြစ်ကြောင်း နာဗာညီက ပြစ်တင်ဝေဖန်ခဲ့သည်။

မော်စကိုလေဆိပ်တွင် နာဗာညီ ဖမ်းဆီး ခံခဲ့ရမှုသည် နိုင်ငံအနှံ့ ကြီးမားသည့် ဆန္ဒပြမှု များ ဖြစ်ပွားစေခဲ့ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၁၀,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

“လေယာဉ်ပေါ်က ဆင်းဆင်းချင်းမှာပဲ ကျွန်တော့်ကို ဖမ်းလိုက်တယ်ဆိုတာ ပူတင်က ကျွန်တော့်ကို  ပုဂ္ဂိုလ် ရေးအရ လက်စားချေ တဲ့ ဥပဒေမဲ့လုပ်ရပ်ဆိုတာ ထင်ရှားနေပါ တယ်” ဟု နာဗာညီက ရေးသားခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်က မော်စကိုမြို့မှ တရားရုံးတစ်ရုံးသည် နာဗာညီအား လိမ် လည်မှုစွဲချက်ဖြင့် ၂၀၁၄ ခုနှစ်က ချမှတ်ခဲ့ သည့် ဆိုင်းင့ံပြစ်ဒဏ်ပါ အချက်အလက်များ ကို ချိုးဖောက်မှုဖြင့် ထောင်ဒဏ် နှစ် နှစ်နှင့် ရှစ်လ ချမှတ်ခဲ့သည်။

“ကျွန်တော့်ကို သံတခါးတွေနောက်မှာ ပိတ်ထားပေမယ့် ကျွန်တော်ကတော့ လွတ် လပ်နေတဲ့သူတစ်ဦးလို ခံစားရပါတယ်။ ဘာ လို့လဲဆိုတော့ ကျွန်တော့်မှာ ခင်ဗျားတို့ရဲ့ အားပေးထောက်ခံမှုတွေနဲ့ မိသားစုရဲ့ အား ပေးထောက်ခံမှုတွေရှိနေတာကြောင့် ကျွန် တော့်လုပ်ရပ်တွေမှန်ကန်တယ်ဆိုတာ ယုံ ကြည်ချက်ရှိနေပါတယ်” ဟု နာဗာညီက ပြောကြားခဲ့သည်။

ထိုအချိန်အတောအတွင်း ဆန္ဒပြသူများ အား ရဲတပ်ဖွဲ့က နှိမ်နှင်းနေမှုနှင့်ပတ်သက် ပြီး ရုရှားတွင် ကန့်ကွက်သံများ ဆူညံစွာထွက် ပေါ်နေပြီး အမေရိကန်ကလည်း ရုရှားအား အမေရိကန်ရွေးကောက်ပွဲများကို ကြားဝင် စွက်ဖက်မှု၊ နာဗာညီအား အဆိပ်ခတ်မှုနှင့် အခြား ဆိုးရွားသည့်လုပ်ရပ်များကြောင့် အရေးယူမှုများလုပ်ဆောင်သွားမည်ဟု ပြော ကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ မူဝါဒရေးရာအကြီး အကဲ ဂျိုးဆက် ဘော်ရဲလ်ကလည်း နာဗာညီ အား အကျဉ်းချခံထားရမှုနှင့် ပတ်သက်ပြီး  မော်စကိုနှင့် ထိတ်တိုက်တွေ့ဖြေရှင်းရန်ရုရှား နိုင်ငံသို့ရောက်ရှိခဲ့သည်။            

Most Read

Most Recent