တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်မနား၊ တံတာဦးမြို့နယ်များတွင် မဲမသမာမှု ဖြစ်နိုင်သည့် မဲစာရင်းစိစစ်‌တွေ့ရှိချက်များနှင့် ပတ်သက်၍ တတိယအကြိမ် တပ်မတော် ထုတ်ပြန်

တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်မနား၊ တံတာဦးမြို့နယ်များတွင် မဲမသမာမှု ဖြစ်နိုင်သည့် မဲစာရင်းစိစစ်‌တွေ့ရှိချက်များနှင့် ပတ်သက်၍ တတိယအကြိမ် တပ်မတော် ထုတ်ပြန်
Published 29 December 2020
ကြည်နိုင်

တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်မနား၊ တံတာဦးမြို့နယ်များတွင် မဲမသမာမှု ဖြစ်နိုင်သည့် မဲစာရင်းစိစစ်‌တွေ့ရှိချက်များနှင့် ပတ်သက်၍ တတိယအကြိမ်အဖြစ် တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဒီဇင်ဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ တရားမဝင် online အချက်အလက်များကို ရယူခြင်းမပြုဘဲ ခိုင်မာသည့် အရင်းအမြစ်များမှ ရရှိထားသည့် မဲစာရင်း (ပုံစံ-၁) PDF ဖိုင်များအား Excel ဖိုင်အဖြစ် ပြောင်းလဲကာ မဲစာရင်းစိစစ်မှုများကို ပြုလုပ်ခဲ့ရာတွင် စိစစ်ပြီးသည့် မြို့နယ်များ၏ စိစစ်တွေ့ရှိချက်အား နှစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော်၏ မဲစာရင်း စိစစ်တွေ့ရှိချက်များနှင့် ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ်တွင် UEC ၏ မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၉၈၀၇၇ ၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ (ပုံစံ-၁) ၉၈၀၇၇ ပင်ဖြစ်ပြီး တစ်ကြိမ်ထက် ပို၍မဲပေးခွင့်ရရှိနိုင်သည့် ထပ်နေသော မဲစာရင်း ၁၈၁၀ ၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၇၈၈၉ စုစုပေါင်း ၉၆၉၉ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်၍  ဥတ္တရသီရိမြို့နယ်တွင် UEC ၏ မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၅၈၆၄၉ ၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ (ပုံစံ-၁)  ၅၈၆၆၆ ဖြစ်ပြီး တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရရှိနိုင်သည့် ထပ်နေသော မဲစာရင်း ၁၀၅၀ ၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၇၃၅၈  စုစုပေါင်း ၈၄၀၈ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်၍  ပျဉ်းမနားမြို့နယ်တွင် UEC ၏ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၁၃၈၃၅၆ ၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ (ပုံစံ-၁) ၁၃၂၄၅၂ ဖြစ်ပြီး တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရရှိနိုင်သည့် ထပ်နေသော မဲစာရင်း ၂၉၈၄  ၊ မဲမသမာမှု ဖြစ်နိုင်သည့် မဲစာရင်း ၁၅၅၂၀  စုစုပေါင်း ၁၈၅၀၄ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ တံတားဦးမြို့နယ်တွင် UEC ၏ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၅၂၃၂ ၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ (ပုံစံ-၁) ၁၁၃၄၁၂ ဖြစ်ပြီး တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရရှိနိုင်သည့် ထပ်နေသော မဲစာရင်း ၅၂၂၃ ၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၁၂၂၂၅  စုစုပေါင်း ၁၇၄၄၈ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း၏ အကြောင်းအရာများမှာ နိုင်ကတ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ (အားလုံးတူသူများ)၊ နိုင်ကတ်တူ၊ အမည်တူ၊ အသက်တူ၊ ဖခင်တူ (မိခင်အမည်လွဲသူများ)၊ နိုင်ကတ်တူ၊ အသက်တူ (အမည်လွဲသူများ) စသော ကွဲလွဲချက်များ ရှိကြောင်းသိရသည်။

ထို့ပြင် မဲ မသမာမှုဖြစ်စေသည့် အကြောင်းအရာများအနေဖြင့် အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်သောသူများ၊ နိုင်ကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်သူများ (၁၈ နှစ်ပြည့်၊ မပြည့်နှင့် နိုင်ငံသား ဟုတ်၊ မဟုတ် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးရမည်)တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၂၇ ရက်က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ် ၂၀၀ ကျော်ခန့်ရှိကြောင်း၊ တပ်များရှိသည့် မြို့နယ်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဖြစ်စဉ်များကို စိစစ်လျက်ရှိကြောင်း၊ ပြောသင့် ပြောထိုက်သည့်အချိန်တွင် ပြောသင့်ပြောထိုက်သည်များကို ပြောနိုင်ရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်‌ကြောင်း စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း ပထမအကြိမ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent