မြန်မာ့မီးရထား၏ ကြီးကြပ်မှုဖြင့် A1 ဆောက်လုပ်ရေးမှ တည်ဆောက်နေသည့် အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားတည်ဆောက်မှု ယခုလအတွင်းပြီးစီးမည်

မြန်မာ့မီးရထား၏ ကြီးကြပ်မှုဖြင့် A1 ဆောက်လုပ်ရေးမှ တည်ဆောက်နေသည့် အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားတည်ဆောက်မှု ယခုလအတွင်းပြီးစီးမည်
အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားတည်ဆောက်မှုမြင်ကွင်း
အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားတည်ဆောက်မှုမြင်ကွင်း
Published 8 December 2020
ရွှန်းလဲ့ဝင်း

မြန်မာ့မီးရထားမှ ကြီးကြပ်မှုဖြင့် A1 ဆောက်လုပ်ရေးမှ တည်ဆောက်နေသည့် အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတား တည်ဆောက်မှု ယခုလအတွင်း ပြီးစီးမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“တံတားလုပ်ငန်းကတော့ အကုန်တည်ဆောက်လို့ပြီးပြီ။ ကျန်တာကတော့ တံတား နဲ့ ဆက်စပ်တဲ့ အဆင်းလမ်းတို့၊ အောက်က ခြံစည်းရိုးတို့ အဲဒါတွေကို အသေးစိတ်လေးတွေ လုပ်နေတယ်။ ဒီဇင်ဘာ လမကုန်ခင် လောက်တော့ အားလုံးပြီးစီးအောင်လုပ်ပါ မယ်” ဟု တံတားတည်ဆောက်ရေးစီမံကိန်း ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာ့မီးရထားမှ အင်ဂျင်နီယာမှူး (မြို့ပြ/ တံတားဘောင်အလုပ်ရုံ) ဖြစ်သူ ဦးမောင်ချိုက ပြောကြားသည်။

အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတား အရှည်မှာ ၄၄၁ ပေရှိပြီး ချဉ်းကပ်လမ်း အရှည်မှာ ၁၁၂ ပေ ကိုးလက်မရှိပြီး တံတား အောက်ခံအုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစား ဖြစ်ကြောင်း၊ အပေါ်ထည်မှာ အာစီကွန်က ရစ်နှင့် အာစီကြမ်းခင်း အမျိုးအစားဖြစ်ကာ လမ်းသစ်လမ်းဘက်အခြမ်းတွင် တစ်ခန်း လျှင် အရှည် ၁၃၅ ပေစီရှိသော Steel Bos Girder နှစ်ခန်းနှင့် မင်းကြီးလမ်းဘက်ခြမ်း တွင် ၈၅ ပေစီရှိသော P.C Girder နှစ်ခန်း ကို ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

လမ်းသစ်လမ်းဘက်မှ မင်းကြီးလမ်း ဘက်သို့ အကျယ် ၁၆ ပေရှိသော အဆင်း ယာဉ်သွားလမ်း တစ်လမ်းပါဝင်ပြီး တစ်ဖက် လျှင် အကျယ်သုံးပေစီရှိသည့် လူသွားပလက် ဖောင်းများ ထည့်သွင်းတည်ဆောက်ထားကာ တံတားခံနိုင်ဝန်မှာ ခွင့်ပြုယာဉ်အလေး ချိန် တန် ၇၀ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်းစိန် (မင်းကြီးလမ်း) ခုံး ကျော်တံတားကို ၂၀၁၉ ခုနှစ် ဇွန်လအတွင်း က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ မီးရထားမှ ကြီးကြပ်ဆောင်ရွက်၍ A1 ဆောက်လုပ်ရေးမှ တည်ဆောက်ပြီး Steel Bos Girder များကို J&M ကုမ္ပဏီမှ ထုတ်လုပ်တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ် ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော မြန်မာ- ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် COVID-19 ရောဂါဖြစ်ပွားနေသော ကာ လအတွင်း တစ်လနီးပါးခန့် ယာယီရပ်နား ထားခဲ့ရပြီး ယခုအခါ ချဉ်းကပ်တံတားများ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများနှင့် ပင်မတံတား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများကို ပြန်လည်စတင်နေပြီဖြစ် ကြောင်း သိရသည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားကို မြတ်နိုးသူ ဆောက်လုပ်ရေးက တာဝန်ယူဆောင်ရွက်နေသည့် ပထမအပိုင်း ဖြစ်သော ဒလမြို့နယ် ရန်ကုန်မြစ်ဆိပ်ကမ်း အနီး ဗိုလ်မင်းရောင်လမ်းပေါ် ဒလဘက်အ ခြမ်း ချဉ်းကပ်တံတားအပိုင်းတွင် ကမ်းကပ်ခုံ A1 အပိုင်း Abutment Bored Pile တူးဖော် ခြင်း၊ ဘိုးပိုင်တူးဖော်ခြင်း၊ ချဉ်းကပ်တံတား Bored Pile တူးဖော်ခြင်း၊ ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများပါဝင်ပြီး ထိုအပိုင်းတွင် Pile တိုင် ၁၄ ခုတည်ဆောက်ခြင်း၊ လေးလမ်းသွား တံတား ချဉ်းကပ်လမ်း တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent