ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် NLD ပါတီသို့ ‘၀’ ပြည်နယ် အစိုးရနှင့် ‘၀’ ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများကိုယ်စား ဝမ်းမြောက်ကြောင်း ဦးပေါက်ယူချမ်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် NLD ပါတီသို့ ‘၀’ ပြည်နယ် အစိုးရနှင့် ‘၀’ ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများကိုယ်စား ဝမ်းမြောက်ကြောင်း ဦးပေါက်ယူချမ်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
Published 18 November 2020
ကြည်နိုင်

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသို့ ‘‘၀’’ပြည်နယ်အစိုးရ နှင့် ‘‘၀’’ ပြည်နယ်ရှိတိုင်းရင်းသား ပြည်သူများကိုယ်စား ဝမ်းမြောက်ကြောင်း ဦးပေါက် ယူချမ်းက နိုဝင်ဘာ ၁၆ ရက်က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုသဝဏ်လွှာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ ခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး တွင် အနိုင်ရရှိသည်ကို ဝမ်းမြောက်စွာကြား သိရပါကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်၍ ‘‘ကျွနု်ပ်မှ မြန်မာနိုင်ငံ အထူးဒေသ(၂) ‘‘ ၀’’ ပြည်နယ်အစိုးရနှင့် ‘‘၀’’ ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများ ကိုယ်စား ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါ သည်’’ဟု မြန်မာနိုင်ငံအထူးဒေသ(၂) ‘‘၀’’ပြည်နယ်အစိုးရ ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း လက်မှတ်ရေးထိုးထားသည့် ယင်းသဝဏ် လွှာတွင် ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် တစ်နိုင်ငံလုံးအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုခရီးစဉ်တွင် ကြီးမားသည့် အောင်မြင်မှုများ ရရှိနိုင်ပါ စေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါ ကြောင်း မြန်မာနိုင်ငံအထူးဒေသ(၂) ‘‘၀’’ပြည်နယ်အစိုးရ ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုသဝဏ် လွှာတွင် ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီသည် ၂၀၂၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်မည့် ကိုယ် စားလှယ် ဦးရေထက် ကျော်လွန်ကာ စုစု ပေါင်း ကိုယ်စားလှယ် ၃၉၆ ဦးဖြင့် အများဆုံးအနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC)  ၏ ရွေးကောက် ပွဲရလဒ် ကြေညာပြီးစီးမှုအရ သိရသည်။

 

 

Most Read

Most Recent