ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်ရေး၊ လွတ်လပ်သန့်ရှင်း မျှတသည့် ရွေးကောက်ပွဲများ ဖြစ်ပေါ်ရေးနှင့် ရွေးကောက်ပွဲ ရလဒ်ကို လေးစားအကောင်အထည်ဖော်ရေးတို့သည် အလွန်အရေးကြီးသော အခြေခံများဖြစ်ကြောင်း ပြည်သူ့ပါတီ ကြေညာ

ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်ရေး၊ လွတ်လပ်သန့်ရှင်း မျှတသည့် ရွေးကောက်ပွဲများ ဖြစ်ပေါ်ရေးနှင့် ရွေးကောက်ပွဲ ရလဒ်ကို လေးစားအကောင်အထည်ဖော်ရေးတို့သည် အလွန်အရေးကြီးသော အခြေခံများဖြစ်ကြောင်း ပြည်သူ့ပါတီ ကြေညာ
Published 9 November 2020

ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်ရေး၊ လွတ်လပ်သန့်ရှင်း မျှတသည့် ရွေးကောက်ပွဲများ ဖြစ်ပေါ်ရေးနှင့် ရွေးကောက်ပွဲရလဒ်ကို လေးစားအကောင် အထည်ဖော်ရေးတို့သည် အလွန်အရေးကြီးသော အခြေခံများဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်တွင် ပြည်သူ့ပါတီက ကြေညာသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ် သက်၍ ‘ရွေးကောက်ပွဲဂုဏ်ပြုစကား’ ကို ပြည်သူ့ပါတီက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် ပြည်သူ့ပါတီက ထိုသို့ကြေညာခြင်းဖြစ်သည်။

‘‘ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့ ပြည်သူ့ပါတီအတွက် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ ရွေးကောက်ပဲဆိုပေမယ့် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်း တွေ၊ ပါတီဝင်တွေရဲ့တက်ကြွမှု သူတို့ရဲ့ ကြိုးပမ်းမှုကို ကျွန်တော်တို့ ဂုဏ်ပြုကြိုဆိုအပ်ပါ တယ်။ နောက်တစ်ခု ထူးခြားတာတစ်ခုက တော့ ကျွန်တော်တို့ ပြည်သူ့ပါတီကို မဲပေး ထောက်ခံကြတဲ့ပုဂ္ဂိုလ်တွေဟာ တကယ်တော့ သူတို့က ရည်သန်မဲတွေ ဖြစ်ပါတယ်။ အဲဒီ အခြေအနေ၊ အများတွေးခေါ်ယူဆနေတဲ့ ကြားထဲမှာမှ တကယ့်ကို ကျွန်တော်တို့ ပြည် သူ့ပါတီဟာ အလားအလာကောင်းတွေကို ဖန်တီးပေးနိုင်တယ်။ ယှဉ်ပြိုင်ပြီးတော့ တကယ့်ဒီမိုကရေစီ အပြောင်းအလဲအတွက် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့်ချက်နဲ့ မဲပေးခဲ့ကြတဲ့ ထောက်ခံဆန္ဒမဲပေးခဲ့သူတွေဟာ သမားရိုးကျ စဉ်းစားတာထက် ပိုပြီးတော့ ပြည်သူ့ပါတီအပေါ်မှာ ယုံကြည် ချက် မျှော်လင့်ချက်တွေနဲ့ မဲပေးထောက်ခံခဲ့ တာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကို ထောက်ခံဆန္ဒမဲပေးခဲ့တဲ့ မဲတစ်မဲချင်း တစ်မဲချင်း၊ မဲဆန္ဒရှင်တစ်ယောက်ချင်းတစ်ယောက်ချင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်’’ ဟု ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီး၏ ကျေးဇူးတင်စကားကို ပြည်သူ့ပါတီ  Facebook မှ ဖော်ပြပေးခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲကာလ ယှဉ်ပြိုင်မှုများ ရှိခဲ့ကြသော်လည်း ရွေးကောက်ပွဲအလွန် နိုင်ငံတော် ပြန်လည်စုစည်းနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြည်သူ့ပါတီ၏ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပြည်သူ့ပါတီအနေဖြင့် အသစ်ဖြစ်ပေါ်လာမည့် အစိုးရနှင့် လွှတ်တော်အတွက် လိုအပ်သည့် လေ့လာသုံးသပ်မှုများ၊ အကြံပြုချက်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတြ်ပန်ခဲ့သည်။

COVID-19 ကပ်ရောဂါ အခြေအနေ အောက်တွင် တက်ကြွစွာ မဲပေးဆန္ဒပြုခဲ့ကြ သော မဲဆန္ဒရှင်ပြည်သူ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ဂုဏ်ပြုကြောင်း၊ ပြည်သူ့ပါတီ အနေဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိသော ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအားလုံးကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent