COVID-19 ရောဂါ အခြေအနေအောက်တွင် ဆန္ဒမဲပေး ရာ၌ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ မစီစဉ်ထားသော မဲရုံ ၂၇ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း MYNFRELအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြ

COVID-19 ရောဂါ အခြေအနေအောက်တွင် ဆန္ဒမဲပေး ရာ၌ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ မစီစဉ်ထားသော မဲရုံ ၂၇ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း MYNFRELအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြ
Published 9 November 2020
မင်းနိုင်စိုး

COVID-19 အခြေအနေအောက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာ မစီစဉ်ထားသော မဲရုံ ၂၇ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း လွတ်လပ်မျှတသော ရွေး ကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့ ((Myanmar Network Organization for Free and Fair Elections- MYNFREL)  ၏ အစီရင်ခံစာ တွင် ဖော်ပြခဲ့သည်။

MYNFREL ၏ ရွေးကောက်ပွဲနေ့ ကနဦး အစီရင်ခံစာထုတ်ပြန်ပွဲကို နိုဝင်ဘာ ၉ ရက်တွင် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိ  Green Hill mဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

MYNFREL အနေဖြင့် ရွေးကောက်ပွဲ နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ရှစ်မြို့နယ်တွင် စောင့်ကြည့်လေ့လာမှု များ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်၊ ကယားပြည် နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့ရှိ မြို့နယ် ၂၇ မြို့နယ်တွင် တစ်မြို့နယ်လျှင် တစ်ဦးစီဖြင့် စောင့်ကြည့်လေ့လာခဲ့ရာ ထိုသို့ စောင့်ကြည့်လေ့လာမှုများမှ ရရှိလာသော အချက်အလက်များကို အစီရင်ခံစာအ ဖြစ် ရေးသား၍ နိုဝင်ဘာ ၉ ရက်တွင် ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

 MYNFREL အဖွဲ့မှ ရွေးကောက် ပွဲလေ့လာစောင့်ကြည့်သူ ၁၉၈ ဦးသည် ရွေးကောက်ပွဲနေ့တွင် အထက်ပါ မြို့နယ်ပေါင်း ၃၅ မြို့နယ်ရှိ မဲရုံပေါင်း ၄၀၀ ခန့်တွင် လေ့လာ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီး ဆန္ဒမဲလာပေး သူ ၆၀၀ ခန့်ကို လူတွေ့မေးမြန်းမှုများ ပြုလုပ်ခဲ့ ကြောင်း ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“၇၂ ရာခိုင်နှုန်းလောက်ကတော့ ရှိ တယ်ပေါ့။ မဲရုံထဲမှာ ခြောက်ပေခွာထားလို့ အဆင်ပြေတဲ့ အနေအထားမျိုးလုပ်ထားတာ တွေ့တယ်။ ဒါပေမဲ့ ၂၇ ရာခိုင်နှုန်းလောက်က တော့ ကျွန်တော်တို့ မလုပ်ထားပေးနိုင်ဘူး ပေါ့နော်။ မလုပ်ထားပေးနိုင်ဘူးဆိုတာ တွေ့ ရတယ်ပေါ့” ဟု MYNFREL မှ ကိုမင်းသု နောင်က ပြောကြားသည်။

ထို့ပြင် မဲရုံပြင်ပ၌ သတ်မှတ်နေရာများသည် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ စီစဉ်ထားမှုနှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ စီစဉ်ထားသော မဲရုံမှာ ၆၇ ဒသမ ၃၁ ရာခိုင်နှုန်းရှိပြီး တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ မစီစဉ်ထားသော မဲရုံမှာ ၃၂ ဒသမ ၆၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း MYNFREL ၏ အစီရင်ခံစာတွင် ဖော်ပြ ခဲ့သည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ မဲလာပေးသော မဲဆန္ဒရှင် ၆၀၀ ဦးခန့်ကို ၎င်းတို့၏ သဘောထားအား တွေ့ဆုံမေး မြန်းစစ်တမ်း ကောက်ယူခဲ့သော ရလဒ်များအရ လျှို့ဝှက်စွာ မဲပေးနိုင်မှု ၈၉ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း၊ မဲရုံမှူးများ၏ အပြုသဘောမဆောင်သော ပြောဆိုဆက်ဆံမှုများမှာ ၅၁ ဒသမ ၂ ရာခိုင် နှုန်းရှိကြောင်း MYNFREL ၏ အစီရင်ခံစာ တွင် ဖော်ပြခဲ့သည်။

ထို့ပြင် မဲရုံများတွင် ကြိုတင်မဲပေးသည့် စာရင်း ကပ်ထားသည့် မဲရုံ ၈၀ ရာခိုင်နှုန်းရှိ ကြောင်း၊ ကြိုတင်မဲစာရင်း မကပ်ထားသည့် မဲရုံ ၂၀ ရာခိုင်နှုန်းရှိကြောင်း၊ မဲရုံတွင် သက် ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အလွယ် တကူ မဲပေးနိုင်သည့် အခြေအနေကို စောင့် ကြည့်လေ့လာရာတွင် မဲရုံများ၏ ၉၄ ဒသမ ၃၈ ရာခိုင်နှုန်းတွင် အဆင်ပြေလွယ်ကူ ကြောင်းနှင့် ၅ ဒသမ ၆၂ ရာခိုင်နှုန်းမှာမူ အဆင်မပြေမှုများ ရှိခဲ့သည်ကို လေ့လာတွေ့ ရှိရကြောင်း MYNFREL ၏ အစီရင် ခံစာတွင် ဖော်ပြခဲ့သည်။

 

Most Read

Most Recent