COVID-19 ကာလတွင် ကုန်သွယ်မှုကဏ္ဍ၌ ထိခိုက်မှုနည်းပါးသည်ဟု ယူဆနိုင်သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထိခိုက်မှုများရှိလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 ကာလတွင် ကုန်သွယ်မှုကဏ္ဍ၌ ထိခိုက်မှုနည်းပါးသည်ဟု ယူဆနိုင်သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထိခိုက်မှုများရှိလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 31 October 2020
ဇေယျာငြိမ်း

COVID-19 ကာလတွင် ကုန်သွယ်မှုကဏ္ဍ၌ ထိခိုက်မှုနည်းပါးသည်ဟု ယူဆနိုင်သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထိခိုက်မှုများရှိလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် COVID-19 အလွန်ကာလ၌ ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်/သွင်းကုန် လိုင်စင်ထုတ်ပေးခြင်းကို အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေရေးအတွက် Fully Online စနစ်ဖော်ဆောင်ပေးခြင်း၊ လိုင်စင်ကြေးများ ဖြေလျှော့သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး Myanmar TradeNet 2.0 ကိုလည်း စတင်အသုံးပြု ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုလုပ်ငန်းများအပြင် မြန်မာ့အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိပြီး မူပိုင်ခွင့်ဌာနတစ်ခုတိုးလာခဲ့ပြီး ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များလည်း ပိုမိုကျယ်ပြန့်လာသဖြင့် စနစ်တကျ ပိုမိုအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံတော်၏  စီးပွားရေးမူဝါဒများနှင့်အညီ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နိုင်စွမ်းရှိစေရန် လိုအပ်သကဲ့သို့ စျေးကွက်တစ်ခုတည်းကို မှီခိုအားထားနေခြင်းမပြုဘဲ ကျယ်ပြန့်သော စျေးကွက်ရရှိစေရေးနှင့် စျေးနှုန်းနှင့် အရည်အသွေး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်စေရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍ၏ အင်အားကိုယူ၍ စျေးကွက်စီးပွားရေးစနစ်ကို စနစ်တကျဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများ၏ အရည်အသွေးပြည့်ဝနေစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၆ ဒသမ ၆ ဘီလျံကျော်ရှိပြီး လျာထားချက်ထက် ဒေါ်လာ နှစ်ဘီလျံကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

“ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏရော၊ ပို့ကုန်တင်ပို့မှုရော၊ သွင်းကုန်တင်သွင်းမှုရောမှာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကထက်ပိုတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent