ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မြို့နယ်အချို့ရှိ စျေးများ ယာယီပိတ်ထားခြင်းနှင့် အချို့စျေးများတွင် အခြေခံစားသောက်ကုန်ကိုသာ အချိန်ပိုင်းရောင်းနေကြပြီး လုံးဝပိတ်ထားပါက အဆင်မပြေမှုများရှိလာနိုင်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မြို့နယ်အချို့ရှိ စျေးများ ယာယီပိတ်ထားခြင်းနှင့် အချို့စျေးများတွင် အခြေခံစားသောက်ကုန်ကိုသာ အချိန်ပိုင်းရောင်းနေကြပြီး လုံးဝပိတ်ထားပါက အဆင်မပြေမှုများရှိလာနိုင်
ပေါင်းတည်မြို့မစျေး ယာယီပိတ်ထားသည်ကို တွေ့ရစဉ်
ပေါင်းတည်မြို့မစျေး ယာယီပိတ်ထားသည်ကို တွေ့ရစဉ်
Published 22 September 2020
ဝေလင်း(ပြည်)

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မြို့နယ်အချို့ရှိ စျေးများ ယာယီပိတ်ထားခြင်း နှင့် အချို့စျေးများတွင် အခြေခံစားသောက် ကုန်နှင့် အရေးကြီးကုန်ပစ္စည်းများကိုသာ အချိန်ပိုင်းရောင်းချမှု ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်မြို့ရှိ မြို့မစျေး၊ ရွှေတည်စျေး၊ ရွှေတည်(၁) စျေးတို့ အား စက်တင်ဘာ၂၁ ရက်က စတင်ကာ ပိတ် ထားရန် ညွှန်ကြားထားကာ စတင်ပိတ်ထားပြီ ဖြစ်ကြောင်း၊ အလားတူ ရွှေတောင်မြို့ မြို့မ စျေး၊  ကျီးသဲစျေး၊ ညောင်စာရေးစျေးတို့ရှိ အဝတ်အထည်ဆိုင်များ၊ မုန့်မျိုးစုံဆိုင်များ၊ ရွှေ ဆိုင်များ၊ စားသောက်ဆိုင်များ၊ ပလတ်စတစ် ပစ္စည်းဆိုင်များ၊ ဒန်အိုးဒန်ခွက်နှင့် ပန်းကန် ဆိုင်များ၊ ခေါင်းရွက်ဗျပ်ထိုးစျေးသည်များပါ စက်တင်ဘာ၂၃ ရက်ကစတင်ကာ ယာယီပိတ် သိမ်းကာ ရောင်းချခြင်းရပ်နားထားရန် ထုတ် ပြန်ထားကြောင်း ဒေသခံများက ဆိုသည်။

“ပေါင်းတည်စျေးပိတ်တာက ပထမတိုင်း ညွှန်ကြားချက်က ပြန်ရုပ်သိမ်းပြီးတော့ ကျွန် မတို့ အရမ်းအကျပ်အတည်းဖြစ်နေပြီဆိုရင် အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်နဲ့ နှစ် မျိုးခွဲပြီး ယာယီအခွန်လွတ်စျေးပြန်လုပ်မယ်။ အဲဒါကတော့ မူဝါဒအမှန်ပဲ။ ရွှေတောင်ကို လည်း ညွှန်ကြားထားပါတယ်။ အခြေခံကုန်နဲ့ လူသုံးကုန်ခွဲလိုက်ပါဆိုပြီး အဲဒီပုံစံနဲ့သွားမှအ ဆင်ပြေမှာလေ။ နို့မို့ဆို လုံးဝပိတ်လိုက်ရင် ကုန်စျေးနှုန်းတက်သွားမယ်။ မလိုအပ်တဲ့နေ ရာမှာ ပြုံတိုးနေမှာ စိတ်ပူတယ်။ အဲဒီအတွက် နေရာကိုခွဲထုတ်မယ်၊ ရှင်းထုတ်မယ်၊ အဲဒီအ တိုင်းပဲသွားမယ်။ ပေါင်းတည်ကိုလည်း ပြန် ဖြေလျှော့ရမှာ လုံးလုံးပိတ်လိုက်ရင် ပြဿနာ ရှိတယ်။ လုံးဝပိတ်လိုက်လို့မရဘူး” ဟု ပြည်ခရိုင်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ် သန်းသန်းဝေက ပြောကြားသည်။

ပေါင်းတည်မြို့၏ အခြေအနေနှင့်ပတ် သက်၍ မြို့ခံ ကိုချစ်ကိုက “ပေါင်းတည်က တော့ ပထမနေ့မှာ အစည်းအဝေးဆုံးဖြတ် ချက်အရ ဒီနေ့( စက်တင်ဘာ ၂၁ ရက်) ပိတ် ထားပြီပေါ့။ အရင်ရက်တွေကတော့ ကုန်တွေ သယ်ခွင့်ပြုထားတယ်။ အာရုံစျေးလို့ခေါ်တဲ့ နေရာမှာ အခြေခံစားသောက်ကုန်ရောင်းချ ခွင့်တော့ရှိမယ်လို့သိရတယ်။ အခုစျေးတစ် ဝိုက်မှာ ဆိုင်အကုန်ပိတ်ထာတယ် လမ်းပေါ် မှာလည်း လူတွေရှင်းနေတယ်”ဟု ဆိုသည်။

သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်စည် ပင်သာယာနယ်နိမိတ်အတွင်းရှိ စျေးများတွင် စားသောက်ကုန်၊ ကုန်စိမ်း၊ သားငါး၊ ဆိုင်များ မှလွဲ၍ အခြားဆိုင်များပိတ်ထားရန် စျေးဖွင့် ချိန်ကိုလည်း နံနက် ၆ နာရီမှ  ၁၁ နာရီအထိ သာဖွင့်လှစ်ရန် စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားပြီး စျေးအတွင်းဆိုင်ရှင်များ၏ ပြောဆိုချက်အရ အခြားစျေးတဝိုက်ရှိ ဆိုင် များကို လည်းပိတ်ထားရန် ပြန်လည်ပြင်ဆင် ထားပြီဖြစ်ကြောင်း မြို့ခံကိုရဲက ဆိုသည်။ 

“မြို့မစျေးက စျေးသက်သက်ဧရိယာ ရှိတယ်။ စျေးဘေးနားက လမ်းကတစ်လမ်း အဲဒီမှာကလည်း စျေးပိတ်လိုက်တဲ့အတွက် လူများလာတယ်။ စျေးထဲကလူတွေကလည်း ပြောလာကြတယ်၊ တစ်ပြေးညီမဟုတ်ဘူးပေါ့ နော်။ စျေးထဲက ရွှေဆိုင်ကိုပိတ်ရင် အပြင်က ရွှေဆိုင်ကိုလည်း ပိတ်စေချင်တယ်။ အပြင်ရွှေ ဆိုင်ကို လူသွားတိုးတယ်။ အခြားဆိုင်တွေ လည်း အဲဒီပြဿနာရှိနေတယ်။ အခုကတော့ တစ်ပြေးညီပိတ်ဖို့ ပြန်ညွှန်ကြားမယ်လို့ အ စည်းအဝေးက ဆုံးဖြတ်တယ်။ အခြားဆိုင် တွေကတော့ အရင်ဆုံးဖြတ်ချက် အတိုင်းပါပဲ။ ဆေးဆိုင်တွေကိုတော့ ည ၈ နာရီအထိဖွင့်ဖို့ ပြောထားကြတယ်။ သူက အရေးကြီးတယ် လေ”ဟု အုတ်ဖိုမြို့ခံ Volunteer ကိုရဲက ပြောကြားသည်။ 

မင်းလှမြို့ စည်ပင်သာယာစျေးကြီးအား စက်တင်ဘာ ၂၂ ရက်မှစတင်ကာ ပိတ်ထား ရန်နှင့် ယာယီအခွန်လွတ်စျေးတွင် သားငါးသီး နှံနှင့် အခြေခံ စားသောက်ကုန်များကို နံနက် ၅ နာရီမှ ၁၀ နာရီအထိသာ ရောင်းချခွင့်ပြုရန် ဆုံးဖြတ်ထားမှုကြောင့် စျေးအတွင်းရှိ ပစ္စည်း များအား ရွှေ့ပြောင်းနေခြင်းနှင့် အချို့ပိတ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မြို့ခံများက ပြော ကြားသည်။