လာမည့်ရာသီ ဘာစီလိုနာအသင်း၏ပွဲစဉ်များတွင် ဆွာရက်ဇ် လုံးဝကစားခွင့်မရဘဲ စာချုပ်ကုန်သည်အထိ ဆက်နေရဖွယ်ရှိနေ

လာမည့်ရာသီ ဘာစီလိုနာအသင်း၏ပွဲစဉ်များတွင် ဆွာရက်ဇ် လုံးဝကစားခွင့်မရဘဲ စာချုပ်ကုန်သည်အထိ ဆက်နေရဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 14 September 2020

ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် လာမည့်ရာသီ ဘာစီလိုနာအသင်း၏ ပွဲစဉ်များတွင် လုံးဝကစားခွင့်မရဘဲ စာချုပ်ကုန်သည်အထိ ဆက်နေရဖွယ်ရှိနေကြောင်း သိရှိရသည်။

ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းတွင် ထိပ်တန်းလစာရရှိနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး သူ၏လက် ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်ကျန် ရှိနေသေးသည်။

ဘာစီလိုနာအသင်းနည်းပြသစ် ရော်နယ်လ်ကိုးမန်းက ဘာစီလိုနာအသင်းတွင် ၎င်း၏ အနာဂတ်မရှိတော့ဟု ဆွာရက်ဇ်ကို အသိပေးခဲ့ပြီးနောက် အသင်းသစ်ရှာဖွေရန် ခွင့်ပြုပေးခဲ့ပြီး ဆွာရက်ဇ်ကမူ သူ့အား အသင်းမှ ထွက်ခွာစေလိုပါက လက်ကျန်စာချုပ်သက်တမ်းအတိုင်း လစာပေးချေရန် တောင်းဆိုခဲ့သည်။

ဆွာရက်ဇ်၏ တစ်နှစ်စာ လစာငွေမှာ ယူရို (၂၅)သန်းအထိရှိနေပြီး ဘာစီလိုနာအသင်းကလည်း လိုက်လျောရန် ဆန္ဒမရှိချေ။ ဆွာရက်ဇ်အား ဂျူဗင်တပ်စ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပြီး သဘောတူညီမှုရရှိရန် အလွန်နီးစပ်နေပြီဖြစ်သော်လည်း ဆွာရက်ဇ်က ဘာစီလိုနာအသင်းနှင့်ကိစ္စများကို အပြီးမဖြတ်နိုင်သေးသဖြင့် နောက်ဆုံးတွင် ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့တော့မည်ဆိုသည့်သတင်းများ ထွက်ပေါ်လာခဲ့သည်။

ယင်းအတွက်ကြောင့် ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းတွင်သာ ဆက်ရှိဖွယ်ရှိပြီး ၎င်းင်းရရှိသင့်သည့် လစာငွေကို ဆက်လက်ရရှိနေမည်ဖြစ်သော်လည်း ဘာစီလိုနာအသင်းသည် အသင်း၏ပွဲစဉ်များတွင် ကစားစေမည်မဟုတ်သလို၊ ပထမအသင်းလူစာရင်းတွင်ပင်မထည့်ဘဲ ပွဲ ကြည့်စင်ပေါ်တွင်သာ ထိုင်ခိုင်းဖွယ်ရှိနေသည်ဟု သိရှိရသည်။

Most Read

Most Recent