ဂါရတ်ဘေးလ်အတွက် ကုန်ကျငွေကို တစ်ဝက်လျှော့ချနိုင်ရန်အတွက် ခေါ်ယူမည့်အသင်းအား ရီးယဲလ် လစာတစ်ဝက်စိုက်ပေးမည်

ဂါရတ်ဘေးလ်အတွက် ကုန်ကျငွေကို တစ်ဝက်လျှော့ချနိုင်ရန်အတွက် ခေါ်ယူမည့်အသင်းအား ရီးယဲလ် လစာတစ်ဝက်စိုက်ပေးမည်
Photo: Getty Images
Photo: Getty Images
Published 15 September 2020

ရီးယဲလ်မက်ဒရစ်အသင်းသည် ၎င်းတို့အသင်း၏ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်အတွက် ကုန်ကျနေသည့် စရိတ်ကို လျှော့ချနိုင်ရန်အတွက် ၎င်းင်းကို ခေါ်ယူမည့်အသင်းအား လစာတစ်ဝက်စိုက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းအတွက်ကြောင့် ဘေးလ်ကို ခေါ်ယူလိုသည့်အသင်းအနေဖြင့် ပြောင်းရွှေ့ကြေးငွေကို သင့်တင့်မျှတသည့် နှုန်းထားသာပေးရမည်ဖြစ်သလို လစာငွေအလွန်ကြီးမြင့်သည့် ပြဿနာအတွက်လည်း စိတ်ပူရန်မလိုတော့ပေ။

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့်လည်း ဘေးလ်အား နည်းပြက အသုံးမပြုဘဲ တစ်ပတ်ပေါင် (၆)သိန်းအထိ ပေးချေနေရခြင်းကြောင့် ယင်းကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်ကောင်းတစ်ခုဟု ဆိုနိုင်သည်။

သို့တိုင်အောင် ဘေးလ်သည် အသင်းသစ်ကိုငြင်းပယ်ကာ အသင်းတွင်ဆက်နေရန် ဆုံးဖြတ်နိုင်သည့် အနေအထားတွင် ရှိနေဆဲဖြစ်ပြီး အသင်းကြီး တစ်သင်းသင်းဆိုမှသာ လက်ခံမည့် အခြေအနေတွင်ရှိသည်။

လက်ရှိအချိန်တွင် အသင်းဟောင်းစပါးအသင်း၏ နည်းပြ မော်ရင်ဟိုက ဘေးလ်ကို ပြန်လည် ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက် ပေါ်လျက်ရှိသည်။

စပါးအသင်းသည် ဘေးလ်ကို ခေါ်မည်ဆိုပါက ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀)ဝန်းကျင်ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး လစာငွေကိုလည်း တစ်ပတ်လုပ်ခ ပေါင် (၃၊ ၄) သိန်းအထိ ပေးရလျှင်ပင် ရီးယဲလ်မက်ဒရစ်အသင်းထံမှ လစာငွေတစ်ဝက်ကို ရရှိနေမည်ဖြစ်သည်။

 

Most Read

Most Recent