စပိန်ဝါရင့်ဂိုးသမား ရေနာအား ဖက်ဆစ်အသုံးအနှုန်းဖြင့် ပရိသတ်များ ကြိုဆိုခဲ့

စပိန်ဝါရင့်ဂိုးသမား ရေနာအား ဖက်ဆစ်အသုံးအနှုန်းဖြင့် ပရိသတ်များ ကြိုဆိုခဲ့
Published 31 August 2020

လာဇီယိုအစွန်းရောက်ပရိသတ်များသည် ဂိုးသမားသစ် ရေနာအား ဖက်ဆစ်အသုံးအနှုန်းများပါဝင်သည့် စာတန်းများဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ပရိသတ်များသည် Saluti Romani Camerata Reina! ဟူသည့်စာတန်းအား ရောမမြို့ရှိ တံတားတစ်ခု၌ ချိတ်ဆွဲ၍ ရီနာကို ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါစာတန်းတွင်ပါဝင်သည့် Saluti Romani Camerata Reina! စာသားသည် ဖက်ဆစ်၊ နာဇီများ၏ အလေးပြုခြင်းကို ဖော်ပြပြီး Camerata  မှာလည်း ဖက်ဆစ်များအသုံးပြုသည့် ရဲဘော်ရဲဘက်အဓိပ္ပာယ်ရ စကားလုံးဖြစ်သည်။

ရေနာသည်လည်း စပိန်လက်ယာစွန်းပါတီဖြစ်သည့် Vox Party ကို အားပေးထောက်ခံမှုကြောင့် ဝေဖန်မှု အချို့ရင်ဆိုင်ခဲ့ရဖူးသူဖြစ်သည်။

လာဇီယိုအစွန်းရောက်ပရိသတ်များသည် ၎င်းတို့၏ နိုင်ငံရေးအယူအဆနှင့် လူမျိုးရေးခွဲခြားမှုများကြောင့် အစဉ်အဆက်ဝေဖန်ခံရသူများဖြစ်ပြီး ယခုကြိုဆိုမှုကိုလည်း ဝေဖန်မှုများ မြင့်တက်နေသည်။

ရေနာသည် ချန်ပီယံလိဂ်ပြိုင်ပွဲကစားလိုခြင်းကြောင့် လာဇီယိုအသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

 

Most Read

Most Recent