NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ဒုတိယဥက္ကဋ္ဌ(၁)ဦးဝင်းမြင့် တာမွေပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တို့မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ဒုတိယဥက္ကဋ္ဌ(၁)ဦးဝင်းမြင့် တာမွေပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တို့မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်
Published 23 July 2020

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)သည် ကော့မှူးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ)သည် တာမွေပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တို့မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ယနေ့ (ဇူလိုင် ၂၃ ရက်)တွင် မီဒီယာများကိုပြောကြားသည်။

နေပြည်တော် NLD ပါတီယာယီရုံးချုပ် (ရုံးခွဲ)တွင် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ NLD ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်အတည်ပြုသတ်မှတ်သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်တို့လည်း တက်ရောက်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကြေညာပေးမည်ဖြစ်ပြီး NLD ပါတီ ကိုယ်စားလှယ်လောင်းများတွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များထဲမှ ရာခိုင်နှုန်း ၈၀ ပြန်လည်ပါဝင်ပြီး ရာခိုင်နှုန်း ၂၀ သာ ကိုယ်စားလှယ်လောင်းအသစ်များဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်၏ ပြောကြားချက်အရ သိရသည်။

 

Most Read

Most Recent