နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မည်သည့်မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်နှင့် ကျန်အသေးစိတ် အချက်အလက်များကို ဇူလိုင် ၂၃ ရက်တွင် ကြေညာမည်

နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ် (ရုံးခွဲ) တွင် ဇူလိုင် ၂၁ ရက်ကပြုလုပ်သည့် NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်နှင့် ပါတီတာဝန်ရှိသူများကို တွေ့ရစဉ်

Published 21 July 2020
နေရိုင်း၊ ဇေယျာထွန်း

လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မည့်သည့်ဒေသ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်နှင့် ကျန်အသေးစိတ် အချက်အလက်များအား လာမည့် ၂၃ ရက် တွင် NLD Website မှတစ်ဆင့် ကြေညာသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ NLDပါတီ ယာယီဌာနချုပ် (ရုံးခွဲ) တွင် ဇူလိုင် ၂၁ ရက်ကပြုလုပ်သည့် NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ ဒီနေ့အဖြေမထွက်ပါဘူး။ NLD ဝက်ဆိုက်ကနေပြီးတော့ ၂၃ ရက်နေ့မှာ ကြေညာပါမယ်။ ၂၃ ရက်နေ့မှာ NLD ဝက်ဆိုက်မှာ ကြည့်လိုက်ရင် ကြေညာလို့ရပါပြီ” ဟု ပြောကြားသည်။

အဆိုပါဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၌ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုသတ်မှတ်ရန် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း အစည်းအဝေး၌ ပြီးပြတ်ခဲ့ခြင်းမရှိသည့်အတွက် ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း NLD ပါတီဒုဥက္ကဋ္ဌ (၂) (ပါတီ၏ပြောရေးဆိုခွင့်ရှိသူ) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

၎င်းက “ ၂၃ ရက်နေ့မှာ အစ်မ အသေးစိတ် အကုန်လုံးရှင်းလင်းပါလိမ့်မယ်။ အဲဒီမှာ ကျွန်တော်တို့က အွန်လိုင်းကနေပြီးတော့ ပြောတဲ့အခါကျလို့ရှိရင် တစ်ဆင့်ယူလိုက်ပါ။ ဒီနေ့က အစည်းအဝေးမပြတ်ဘူး။ ဆက်ဆွေးနွေးရဦးမယ်။ သမ္မတနဲ့ အတိုင်ပင်ခံက ရွေးကောက်ပွဲဝင်မှာ။ ၂၃ ရက်နေ့မှာ အစအဆုံး ကြေညာပါလိမ့်မယ်။ ၂၃ ရက်နေ့ မနက်ဆိုရင် တစ်ခါတည်းကြေညာမှာပါ” ဟု ပြောကြားသည်။

NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုသတ်မှတ်ရန် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်များ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြန်လှန်သုံးသပ်နေရသည့်အတွက် အစည်းအဝေး၌ ပြီးပြတ်နိုင်ခဲ့ခြင်းမရှိကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

Most Read

Most Recent