ညွန့်ပေါင်းအစိုးရ ဆိုသည့်အချက်ကို စဉ်းစားသည့်အထဲ မပါသေးဘဲ ဒီမိုကရေစီ ခိုင်မာရှင်သန်အောင် လုပ်ရန်အတွက် အစိုးရဖွဲ့နိုင်သည်အထိ ကြိုးစားမည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ညွန့်ပေါင်းအစိုးရ ဆိုသည့်အချက်ကို စဉ်းစားသည့်အထဲ မပါသေးဘဲ ဒီမိုကရေစီ ခိုင်မာရှင်သန်အောင် လုပ်ရန်အတွက် အစိုးရဖွဲ့နိုင်သည်အထိ ကြိုးစားမည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 3 July 2020
အောင်မင်းသိန်း

ညွန့်ပေါင်းအစိုးရဆိုသည့်အချက်အား စဉ်းစားခြင်းမရှိသေးဘဲ ဒီမိုကရေစီခိုင်မာ ရှင်သန်အောင် လုပ်ရန်အတွက် အစိုးရဖွဲ့ နိုင်သည်အထိ ကြိုးစားမည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဇူလိုင် ၂ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ ကျင်းပသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC) အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ၂၀၁၅ ရွေး ကောက်ပွဲတွင် NLD ပါတီ အစိုးရ ဖွဲ့နိုင်ခဲ့ သော်လည်း ၂၀၂၀ တွင် အစိုးရ ဖွဲ့နိုင်သည့် ရာခိုင်နှုန်းကိုမရရှိနိုင်ဟု သုံးသပ်နေကြခြင်း ကြောင့် ညွန့်ပေါင်းဆိုပါက မည်သို့လုပ်မည်နည်းနှင့် မည်မျှအထိ နိုင်မည်ဟု မျှော်လင့် ထားသနည်းဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒေါက်တာဇော်မြင့်မောင် က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။

“ခုနကလည်း ကျွန်တော် ဖြေပြီးသွားပါပြီ။ ညွန့်ပေါင်းဆိုတာ စဉ်းစားတဲ့ထဲကို မပါသေးဘူး။ ကျွန်တော် ပြောနိုင်တာ ပြောတာပါ။ အဲဒီတော့ ကျွန်တော်တို့က ရွေးကောက်ပွဲဝင်ပြီး ပြိုင်ပြီဆိုတည်းကိုက ကျွန် တော်တို့ခုနကပြောလိုက်တဲ့ ဒီမိုကရေစီကို ပြန်လည်ပြီးတော့ ခိုင်မာပြီးတော့ ရှင်သန် အောင်လုပ်ဖို့ဆိုတဲ့အတွက် ကျွန်တော်တို့ကတော့ အစိုးရဖွဲ့နိုင်လောက်အောင်နိုင်တဲ့ အထိ ကျွန်တော်တို့ တရားသဖြင့် ကြိုးစားမှာပါ။ ဟိုဟာနည်းတွေ မဟုတ်ပါဘူး။ တရားသဖြင့် ကြိုးစားမယ်။ ကျွန်တော်တို့ဘက်က ကြိုးစားခွင့်ရှိတယ်။ ကျွန်တော်တို့က စည်းရုံးရေးနဲ့ပဲ လုပ်မှာပါ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဟာမိတ်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များ၏ မဲဆန္ဒနယ်မြေများတွင် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ် သက်၍ အခြားပါတီများနှင့် လက်ရှိအချိန်အထိ စကားမပြောရသေးကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ပါတီတိုင်းက ဒီမိုကရေစီသွားနေတယ်ဆိုတော့ တခြားပါတီတွေအားလုံးက ကျွန်တော်တို့ ရည်ရွယ်ချက်ပန်းတိုင်တူတယ်လို့ သတ်မှတ်ထားတာပေါ့။ နည်းလမ်းသွားတဲ့ဟာ တူချင်မှတူမှာ ပေါ့။ ကျွန်တော်တို့က ပြိုင်ဘက်ဆိုတာတော့ ဘယ်သူ့မဆို ပြိုင်ဘက်ကောင်းတစ်ခုလို့ သ ဘောထားပြီး ပြိုင်မှာပါ။ ကျွန်တော်တို့မှာ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဘယ်သူကတော့ ရန်သူရယ်လို့ ဘာတို့ဆိုတာ ကျွန်တော်တို့ မရှိပါဘူး။ ဒီမိုကရေစီ ဖော်ဆောင်တာချင်း တူပြီဆိုရင် လောလောဆယ်ဆိုလို့ရှိရင် ပြော နိုင်တာကတော့ ဒီမိုကရေစီဖော်ဆောင်တဲ့ ပါတီများဖြစ်တဲ့အတွက် တူတာတွေ တွဲလုပ် ကြမယ်။ မတူတာ ခွဲလုပ်ဖို့ပဲရှိတာပေါ့” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြား သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လူပုဂ္ဂိုလ်ကို ကြည့် လာမည်ဆိုသော သဘောထားသည် ဆီလျော်သည့် အကြောင်းပြချက်ဖြစ်ကြောင်း  ဒေါက်တာဇော်မြင့်မောင်က ပြောကြား သည်။

ဒေါက်တာဇော်မြင့်မောင်က “နောက် ပါတီကို ကြည့်ပါဆိုပြီး ကျွန်တော်က ဆက်လုပ်တယ်။ ဘာကြောင့် ပါတီကို ကြည့်ပါသလဲဆိုတော့ ကိုယ်ပေးလိုက်တဲ့ မဲတစ်ခုက အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးဖို့လိုတယ်။ တစ်တိုင်းပြည်လုံးကို ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ဆိုတာ အစိုးရဖွဲ့နိုင်မှ လုပ်နိုင်မှာပေါ့။ အဲဒီတော့ ကိုယ်ပေးလိုက်တဲ့ မဲက အစိုးရမဖွဲ့နိုင်ဘူး ဆိုလို့ရှိရင် ကိုယ့်ဒေသ ကိုယ့်မြို့နယ် အ ကျိုးတွေပဲ လုပ်နိုင်မှာဖြစ်တဲ့အတွက် ပါတီ ကိုလည်း ကြည့်ပါ။ အဲဒီတော့ ပါတီကို ကြည့် ဖို့ဆိုလို့ရှိရင်တော့ ပါတီမှာ ခေါင်းဆောင် နေတဲ့လူ ဘယ်သူလဲဆိုတာ ခေါင်းဆောင်မှု ကို ကြည့်ရမှာပေါ့။ အဲဒီခေါင်းဆောင်ရဲ့ အ ရည်အသွေးကို မူတည်ပြီးတော့မှ ပါတီက ဘယ်လောက်ခိုင်မာတယ်။ ရှင်သန်တယ်။ တက်ကြွတယ်ဆိုတာ သိမှာဖြစ်တဲ့အတွက် ပါတီကိုလည်း ကြည့်ပါ၊ လူကိုလည်း ကြည့် ပါ” ဟု ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲမှစတင်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအမြစ်တွယ်ရန်ဟု ကြွေးကြော်လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ပါတီအနေနှင့် ကြည့်သင့်ပြီး မိမိတို့ဘက်က ပြည်သူများ မဲပေးချင်သည့်၊ မဲပေးလိုသော ဆန္ဒရှိမည့် ပုဂ္ဂိုလ်များကို ရွေးပေးရန် တာဝန်ရှိကြောင်းလည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

 

Most Read

Most Recent