COVID-19 ရောဂါအခြေအနေအရ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ခုနစ်ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း အမှန်တကယ်တွင် ကိုးရာခိုင်နှုန်းခန့်အထိရှိကြောင်းဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား

COVID-19 ရောဂါအခြေအနေအရ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ခုနစ်ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း အမှန်တကယ်တွင် ကိုးရာခိုင်နှုန်းခန့်အထိရှိကြောင်းဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား
ဇွန် ၁၅ ရက်က နေပြည်တော်၌ ဗဟိုဘဏ်တာဝန်ရှိသူများ ရှင်းလင်းပြောကြားနေစဉ်
ဇွန် ၁၅ ရက်က နေပြည်တော်၌ ဗဟိုဘဏ်တာဝန်ရှိသူများ ရှင်းလင်းပြောကြားနေစဉ်
Published 15 June 2020
စည်သူ

COVID-19 ရောဂါအခြေအနေအရ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ခုနစ်ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း အမှန်တကယ်တွင် ကိုးရာခိုင်နှုန်းခန့်အထိရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

ဇွန် ၁၅ ရက်က ပြုလုပ်သော နိုင်ငံတော်အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် သတင်းမီဒီယာများ၏ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားရာတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အခုဆိုရင် COVID အခြေအနေအရ ကျွန်တော်တို့ ယခင်ကရည်မှန်းထားတဲ့ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ခုနစ်ရာခိုင်နှုန်းလောက်ရှိမယ်လို့ ခန့်မှန်းပေမဲ့ တကယ်တမ်းကျတော့ အခုဆိုရင် ရှစ်ရာခိုင်နှုန်း၊ ကိုးရာခိုင်နှုန်းလောက်ရှိသွားတာကို တွေ့ရမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

ငွေကြေးမှုဝါဒဆိုင်ရာ ဆောင်ရွက်သည့်နေရာတွင် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို လှုံ့ဆော်ပေးနိုင်ရန်အတွက်၊ ငွေကြေးဖောင်းပွမှုကိုလည်း ထိန်းကျောင်းရန်အတွက် ငွေကြေးဖောင်းပွမှု မည်မျှရှိသည်ကို Target ထားပြီး ဆောင်ရွက်နိုင်သော အနေအထားမဟုတ်ဘဲ Result Money Targeting ပေါ်တွင်မူတည်ပြီး ငွေကြေးမှုဝါဒ၊ ငွေကြေးဖောင်းပွမှုအခြေအနေများကို ထိန်းကျောင်းသွားခြင်းဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ၌ ငွေကြေးစျေးကွက်တွင် ဆောင်ရွက်သောကိစ္စများက ငွေကြေးစျေးကွက် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးသည့်အတွက် Open Market Operation ကို ဆောင်ရွက်သော်လည်း တချို့ကိစ္စများတွင် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းမရှိကြောင်းနှင့် မိမိ၏ အခြေအနေနှင့် သင့်လျော်သော လုပ်ငန်းဆောင်ရွက်မှုများကိုသာ ဆောင်ရွက်ခဲ့ခြင်းရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးတည်ငြိမ်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားရေးအခြေအနေကို လိုက်လျောညီထွေရှိစေမည့် သီးသန့်ငွေကြေးပမာဏ Result Money ကို ရည်မှန်းချက်ထားပြီး ငွေကြေးမူဝါဒဘောင် သတ်မှတ်၍ အကောင်အထည်ဖော်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

ထို့ပြင် Result Money Targeting ဆိုသည်မှာ စီးပွာရေးအတွင်းတွင်ရှိသော ငွေကြေးများကို သတ်မှတ်ပမာဏရှိအောင် ထိန်းကျောင်းရန်အတွက် ဆောင်ရွက်ကြခြင်းဖြစ်ပြီး Result Money Targeting လုပ်ရာတွင် ငွေကြေးမှုဝါဒနည်းလမ်းများကို သုံးသည့်အခါတွင် အတိုးနှုန်းမူဝါဒ ချမှတ်ခြင်းများရှိကာ ဘဏ်များအနေဖြင့် ဗဟိုဘဏ်တွင် ထားရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် သတ်မှတ်ခြင်းရှိသည့်အပြင် ငွေရေးကြေးရေးစျေးကွက်တွင် အရောင်းအဝယ်လုပ်သည်ဆိုသော Open Market Operation ဆိုသည့် ငွေကြေးမူဝါများကို ချမှတ်ကျင့်သုံးခြင်းများရှိကြောင်း ဦးစိုးမင်းက ပြောကြားသည်။

Most Read

Most Recent