ONE Super Series တွင် မြန်မာ့လက်ဝှေ့ထည့်သွင်းလိုကြောင်း CEO ချက်ထရီ ပြောကြား

ONE Super Series တွင် မြန်မာ့လက်ဝှေ့ထည့်သွင်းလိုကြောင်း CEO ချက်ထရီ ပြောကြား
Photos : ONE, WLC Facebook
Photos : ONE, WLC Facebook
Published 26 May 2020

ONE Championship ပြိုင်ပွဲ၏ CEO ချက်ထရီက ယခုကျင်းပလျက်ရှိသည့် ONE Super Series ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ပြိုင် ပွဲများ ထည့်သွင်းကျင်းပလိုသည်ဟု ပြောကြားကြောင်း ဗြိတိန်အခြေစိုက် Insider မီဒီယာက ဖော်ပြခဲ့သည်။

''ONE အနေနဲ့ MMA ပြိုင်ပွဲတစ်ခုတည်းကိုပဲ ကျင်းပတာမဟုတ်ပဲနဲ့ ကိုယ်ခံပညာပြိုင်ပွဲပေါင်းစုံကို ကျင်းပနေတာဖြစ်ပါတယ်။ မွေထိုင်း၊ ကစ်ဘောက်ဆင်ပြိုင်ပွဲတွေကို ကျင်းပနေသလိုမျိုး မြန်မာ့လက်ဝှေ့ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပလိုပါတယ်။ မြန်မာ့လက်ဝှေ့ပြိုင်ပွဲတွေဟာ အကာအကွယ်တွေမရှိဘဲနဲ့ ယှဉ်ပြိုင်ရတဲ့ စစ်မှန်တဲ့ ကိုယ်ခံ ပညာရပ်ပါပဲ။ ဒါကြောင့် ONE အနေနဲ့ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ထည့်သွင်းလိုပါတယ်''ဟု ချက်ထရီက ဖြေကြားသည်။

ONE Championship သည် ၂၀၁၈ ခုနှစ်မှစတင်ကာ မွေထိုင်းနှင့် ကစ်ဘောက်ဆင်ပြိုင်ပွဲများကို ONE Super Series အမည်ဖြင့် ကျင်းပရာအောင်မြင်မှုရရှိခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာ့လက်ဝှေ့ပြိုင်ပွဲများမှာ နိုင်ငံတကာတိုက်ခိုက်ရေးစင်မြင့်ထက်သို့ ရောက်ရှိလာပြီး အာရုံစိုက်မှုခံနေရသည်။  

ONE Championship သည် ၂၀၁၁ ခုနှစ်မှ စ၍ MMA ပြိုင်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent