၂၀၂၁ ခုနှစ်အထိ ကွင်းပိတ်ကစားရနိုင်သည်ဟု ဆေးပညာရှင်များ ခန့်မှန်းနေသော်လည်း မကြာမီကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုနိုင်မည်ဟု ဆယ်ဖာရင် ပြောကြား

၂၀၂၁ ခုနှစ်အထိ ကွင်းပိတ်ကစားရနိုင်သည်ဟု ဆေးပညာရှင်များ ခန့်မှန်းနေသော်လည်း မကြာမီကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုနိုင်မည်ဟု ဆယ်ဖာရင် ပြောကြား
Published 23 May 2020

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပြိုင်ပွဲများကို ၂၀၂၁ ခုနှစ်အထိ ကွင်းပိတ်ကစား ရနိုင်သည်ဟု ဆေးပညာရှင်များက ခန့်မှန်းထားကြသော်လည်း များမကြာမီတွင် ကွင်းအတွင်းပရိသတ်များ ဝင်ရောက်ကြည့်ရှုနိုင်မည်ဟု ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)ဥက္ကဋ္ဌ ဆယ်ဖာရင်က ပြောကြားခဲ့သည်။

ကမ္ဘာအနှံ့တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်း ရပ်စ်ကပ်ဘေးကြောင့် မတ်လကတည်းက ရပ်နားထားခဲ့ရသည့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများထဲတွင် ဘွန်ဒစ်လီဂါပြိုင်ပွဲကို မေ (၁၆)ရက်က ပြန် လည်စတင်ခဲ့ပြီး ကွင်းပိတ်ကစားခဲ့သည်။

အခြား ထိပ်တန်းလိဂ်ပြိုင်ပွဲများလည်း ကွင်းပိတ်ကစားရန် ပြင်ဆင်နေကြကြောင်း သိရသည်။

ဘွန်ဒစ်လီဂါပြိုင်ပွဲကို ကွင်းပိတ်ကစားခြင်းကြောင့် ပရိသတ်အချို့ ဆန္ဒပြခဲ့ကြပြီး ဆေးပညာရှင်များက ဘောလုံးပြိုင်ပွဲများကို ၂၀၂၁ ခုနှစ်အထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားနိုင်ရသည်ဟု ခန့်မှန်းနေကြသည်။

သို့သော် ဆယ်ဖာရင်က ဘောလုံးပြိုင်ပွဲများမှာ ကမ္ဘာစစ်များကြောင့် ပြောင်းလဲခြင်းမရှိသလို ဗိုင်းရပ်စ်ကြောင့်လည်း ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဆယ်ဖာရင်က ''စိုးရိမ်ရတဲ့ အခြေအနေရှိနေဆဲဖြစ်ပေမယ့် ဗိုင်းရပ်စ် ကူးစက်နှုန်းက ကျဆင်းသွားပါပြီ။ ကျွန်တော်က အကောင်းမြင်သမားဖြစ်လို့ ဗိုင်းရပ်စ်နောက်တစ်ကြိမ် ထပ်ပွားဦးမယ်ဆိုတဲ့အတွေးမျိုး မတွေးချင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာမယ်ဆို ရင် သိပ်မကြာခင်မှာ ကွင်းအတွင်းပရိသတ်တွေ ကြည့်ရှုနိုင်မှာပါ။ ဘောလုံးဟာ ပထမကမ္ဘာစစ် ဒါမှမဟုတ် ဒုတိယကမ္ဘာစစ်ကြောင့်တောင် မပြောင်းလဲခဲ့ပါဘူး။ ဒီတော့ ဗိုင်းရပ်စ်ကြောင့် ဘောလုံးမှာ အပြောင်းအလဲဖြစ်ဖို့ မရှိပါဘူး''ဟု ဆိုခဲ့သည်။

Most Read

Most Recent