■ အာဆင်နယ်နှင့်ပွဲကို ချယ်လ်ဆီးဂိုးသွင်းဘုရင် ပါလ်မာ လွဲချော်ဖွယ်ရှိ

■ အာဆင်နယ်နှင့်ပွဲကို ချယ်လ်ဆီးဂိုးသွင်းဘုရင် ပါလ်မာ လွဲချော်ဖွယ်ရှိ
Photo: Gettyimages
Photo: Gettyimages
Published 23 April 2024

ချယ်လ်ဆီးအသင်း၏ အင်္ဂလန်တိုက်စစ်ကစားသမား ပါလ်မာသည် အင်္ဂါနေ့(ယနေ့) ယှဉ်ပြိုင်ကစားမည့် အာဆင်နယ်နှင့်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။

ပါလ်မာသည် ချယ်လ်ဆီးအသင်းတွင် အကောင်းဆုံးခြေစွမ်းပြနေသူဖြစ်ပြီး လက်ရှိအချိန်၌ ပရီးမီးယားလိဂ်၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မန်စီးတီးတိုုက်စစ်မှူး ဟာလန်းနှင့်အတူ ဂိုး(၂၀)စီသွင်းယူကာ ပူးတွဲရပ်တည်နေသူဖြစ်သည်။

၎င်းသည် တနင်္လာနေ့အထိ ဖျားနေဆဲဖြစ်သည့်အတွက် အာဆင်နယ်နှင့်ပွဲကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုကမူ ပါလ်မာ ပွဲထွက်စာရင်းတွင် ပါဝင်လာရန် မျှော်လင့်နေကြောင်း ဖွင့်ဟခဲ့သည်။

Most Read

Most Recent