ကလပ်အသင်းများ ရှင်သန်ရေးအတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြန်ကစားခြင်းဖြစ်သည်ဟု DFL အမှုဆောင်ချုပ် ဆို

ကလပ်အသင်းများ ရှင်သန်ရေးအတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြန်ကစားခြင်းဖြစ်သည်ဟု DFL အမှုဆောင်ချုပ် ဆို
Photo: Getty Images
Photo: Getty Images
Published 22 May 2020

ဂျာမန်ဘောလုံးလိဂ်အဖွဲ့ချုပ် (DFL) အမှုဆောင်ချုပ် ဆီဖတ်က ကလပ်အသင်းများ ရှင်သန်ရေးအတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြန်လည်ကစားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဂျာမန်ဘောလုံးလိဂ်အဖွဲ့ချုပ် (DFL) အမှုဆောင်ချုပ် ဆီဖတ်က ကလပ်အသင်းများ ရှင်သန်ရေးအတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြန်လည်ကစားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကိုရိုနာကပ်ဘေးကြောင့် ရပ်နားထားရသည့် ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ဘွန်ဒစ်လီဂါပြိုင်ပွဲက အစောဆုံးအဖြစ် မေလ (၁၆)ရက်က စတင်ကစားခဲ့သည်။ 

ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် လီဂူးပြိုင်ပွဲမှာ ဖျက်သိမ်းသွားပြီဖြစ်ပြီး ပရီးမီးယားလိဂ်၊ လာလီဂါနှင့် စီးရီးအေပြိုင်ပွဲများမှာ ပြန်ကစားမည့်ရက်ကို သတ်မှတ်နိုင်သေးခြင်း မရှိသေးပေ။ 

ဆီဖတ်က ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြန်လည်ကစားခြင်းမရှိပါက ဘွန်ဒစ်လီဂါအသင်းများ၏ ရပ်တည်ရေးမှာ အလွန်ခက်ခဲသွားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ဘွန်ဒစ်လီဂါအသင်းတွေအတွက်ရော ဘွန်ဒစ်လီဂါ-၂ အသင်းတွေအတွက်ပါ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ သူတို့တွေက ကပ်ဘေးကြောင့် ပြိုင်ပွဲရပ်နားထားတဲ့ (၂)လအတွင်း ဘာဝင်ငွေမှ မရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းအများစုက နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိနေပြီဖြစ်ပြီး သူတို့ ရှင်သန်ရေးအတွက် ကျွန်တော် အာမခံချက်ပေးရမှာပါ။ အခု ဘွန်ဒစ်လီဂါပြိုင်ပွဲကို ကစားနေတာလည်း ကျန်းမာရေးကို ထိခိုက်ခံပြီး ကစားနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဆေးစစ်ဆေးမှုတွေကိုလည်း မခိုးမဝှက်ဘဲ သေချာပြုလုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဗိုင်းရပ်စ်ကြောင့် စိတ်ညစ်နေရတဲ့ ဂျာမန်ပြည်သူတွေက ဘောလုံးပွဲတွေက အလှည့်အပြောင်းတစ်ခု ဖြစ်ဖို့ ကျွန်တော် ယူဆပါတယ်"ဟု ဆီဖတ်က ပြောကြားခဲ့သည်။ 

ထို့ပြင် ဆီဖတ်က ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်ခြင်းမှာ လူ့အသိုင်းအဝိုင်းပါ အလွန်ကောင်းကြောင်းနှင့် အခြားဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများအနေဖြင့်လည်း မိမိတို့ကို အတုယူကာ ယခုရာသီ လိဂ်ပြိုင်ပွဲများကို ပြန်လည်စတင်ကြရန် တိုက်တွန်းခဲ့သည်။

Most Read

Most Recent