ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်လဝန်းကျင် လေ့ကျင့်မှုရပ်နားထားရသော ဟံသာဝတီအသင်း မေ ၂၆ ရက်မှစတင်ကာ ကစားသမားများ၏ ကြံ့ခိုင်မှုအား စစ်ဆေးသွားမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်လဝန်းကျင် လေ့ကျင့်မှုရပ်နားထားရသော ဟံသာဝတီအသင်း မေ ၂၆ ရက်မှစတင်ကာ ကစားသမားများ၏ ကြံ့ခိုင်မှုအား စစ်ဆေးသွားမည်
Photos: Hantharwady United Facebook
Photos: Hantharwady United Facebook
Published 20 May 2020

"အသင်းပိုင်ရှင်ရဲ့ ညွှန်ကြားချက်နဲ့ လေ့ကျင့်မှုပြန်လည်ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ ကစားသမားတွေ က လေ့ကျင့်မှုရပ်နားထားတာ နှစ်လဝန်းကျင်လောက်ရှိပြီဖြစ်တာကြောင့် ကြံ့ခိုင်မှုကို အရင်ဆုံးစစ်ဆေးသွားမှာပါ။ မေ ၂၆ ရက်က စပြီး တစ်နေ့ကို ကစားသမားလေးဦးစီ ကြံ့ခိုင်မှု စစ်ဆေးသွားမှာပါ။ အသင်းလိုက်စုစည်း လေ့ကျင့်ဖို့ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်ပြုတဲ့အချိန်ကျရင် လုပ်ဆောင်သွားမှာပါ။ ပြိုင်ပွဲပြန်စဖို့ အတည် ပြုပြီးမှ လေ့ကျင့်ရင် ပြင်ဆင်ချိန်နောက်ကျ နိုင်မှာစိုးလို့ ပြန်လည်လေ့ကျင့်လို့ရတာ လေ့ကျင့်တာဖြစ်ပါတယ်"ဟု နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။

၂၀၂၀ ရာသီ MNL ပြိုင်ပွဲတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ဟံသာဝတီအသင်း သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်လဝန်းကျင်  လေ့ကျင့်မှုရပ်နားထားရသောကြောင့် မေ ၂၆ ရက်မှစတင်ကာ ကစားသမားများ၏ ကြံ့ခိုင်မှု အား စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဟံသာဝတီအသင်းသည် ကစားသမားများ ကာလရှည်လေ့ကျင့်မှုရပ်နားထားသောကြောင့် လေ့ကျင့်မှုမပြုလုပ်မီ ကြံ့ခိုင်မှုစစ်ဆေး ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ရပ်နားထားသော MNL ပြိုင်ပွဲ ပြန်လည်မစတင် မီ ကြိုတင်လေ့ကျင့်ရန်အတွက် စတင်ဆောင် ရွက်ခြင်းဖြစ်ပြီး မေ ၁၈ ရက်က အုပ်ချုပ်မှု အဖွဲ့နှင့် နည်းပြအဖွဲ့တို့ တွေ့ဆုံကာ ပြိုင်ပွဲမစတင်မီ ဆောင်ရွက်မည့်အစီအစဉ်များအား အတည်ပြုခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလဖြစ်သောကြောင့် ငါးဦးနှင့်အထက် ပူးပေါင်းဆောင်ရွက်ခွင့်မပြုထားသောကြောင့် ဟံသာဝတီအသင်းသည် တစ်ကြိမ်လျှင် လေးဦးစီသာ ကြံ့ခိုင်မှုစစ်ဆေးသွားမည်ဖြစ်သည်။

"အသင်းပိုင်ရှင်ရဲ့ ညွှန်ကြားချက်နဲ့ လေ့ကျင့်မှုပြန်လည်ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ ကစားသမားတွေ က လေ့ကျင့်မှုရပ်နားထားတာ နှစ်လဝန်းကျင်လောက်ရှိပြီဖြစ်တာကြောင့် ကြံ့ခိုင်မှုကို အရင်ဆုံးစစ်ဆေးသွားမှာပါ။ မေ ၂၆ ရက်က စပြီး တစ်နေ့ကို ကစားသမားလေးဦးစီ ကြံ့ခိုင်မှု စစ်ဆေးသွားမှာပါ။ အသင်းလိုက်စုစည်း လေ့ကျင့်ဖို့ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်ပြုတဲ့အချိန်ကျရင် လုပ်ဆောင်သွားမှာပါ။ ပြိုင်ပွဲပြန်စဖို့ အတည် ပြုပြီးမှ လေ့ကျင့်ရင် ပြင်ဆင်ချိန်နောက်ကျ နိုင်မှာစိုးလို့ ပြန်လည်လေ့ကျင့်လို့ရတာ လေ့ကျင့်တာဖြစ်ပါတယ်"ဟု နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။

ဟံသာဝတီအသင်းသည် ရလဒ်သိသိသာသာကောင်းမွန်နေသည့်အသင်းဖြစ်ပြီး  ချန်ပီယံမျှော်မှန်းနိုင်သည့်အနေအထားရှိ နေကြောင်း သိရသည်။ ဟံသာဝတီအသင်း သည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံဆုမျှော်လင့်နိုင်သည့်အနေ အထားတွင် ရပ်တည်နေခြင်းဖြစ်ပြီး ၁၀ ပွဲ ကစား ၂၇ မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည် လျက်ရှိသည်။ ဟံသာဝတီအသင်းသည် ယခုရာသီအစတွင် နည်းပြအပြောင်းအလဲပြုလုပ်ထားပြီး လူငယ်နည်းပြ ဦးမျိုးမင်းထွန်း လက် ထက်တွင် ရလဒ်များကောင်းမွန်နေခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ပထမအကျော့ လက်ကျန်တစ်ပွဲသာ ကစားရန်ကျန်ရှိတော့ပြီး ရန်ကုန်အသင်းနှင့် အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဟံသာဝတီအသင်း သည် MNL ကလပ်အသင်းများအနက် ပထမဆုံးပြန်လည်လေ့ကျင့်သည့်အသင်း ဖြစ်လာဖွယ်ရှိနေပြီး အခြားအသင်းများမှာမူ လေ့ကျင့်မည့်အစီအစဉ်အား ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

Most Read

Most Recent