တင်းနစ်ပြိုင်ပွဲများ ထပ်မံဖျက်သိမ်းခဲ့ရပြီး အစောဆုံးအဖြစ် ATP ပြိုင်ပွဲများကို သြဂုတ်နှင့် WTA ပြိုင်ပွဲများကို ဇူလိုင်လကုန်မှ စတင်နိုင်ဖွယ်ရှိ

တင်းနစ်ပြိုင်ပွဲများ ထပ်မံဖျက်သိမ်းခဲ့ရပြီး အစောဆုံးအဖြစ် ATP ပြိုင်ပွဲများကို သြဂုတ်နှင့် WTA ပြိုင်ပွဲများကို ဇူလိုင်လကုန်မှ စတင်နိုင်ဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 17 May 2020

COVID-19 ရောဂါဖြစ်ပွားမှု ကြောင့် မတ်လဒုတိယပတ်မှစ၍ တင်းနစ်ပြိုင်ပွဲများ ရွှေ့ဆိုင်း/ဖျက်သိမ်းမှုပြုလုပ်နေရပြီး အစောပိုင်းက ဇူလိုင်ဒုတိယပတ်တွင် ပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားသော်လည်း ထပ်မံရွှေ့ဆိုင်းခဲ့ရခြင်းဖြစ် သည်။ 

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် ပရော်ဖက်ရှင်နယ်တင်းနစ်ပြိုင်ပွဲများ ထပ်မံဖျက်သိမ်းခဲ့ရပြီး အစောဆုံးအဖြစ် ATP Tour အမျိုးသား ပြိုင်ပွဲများကို သြဂုတ်ပထမပတ်နှင့် WTA Tour အမျိုးသမီးပြိုင်ပွဲများ ကို ဇူလိုင်လကုန်မှသာ စတင်ကျင်းပ နိုင်ဖွယ်ရှိကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားမှု ကြောင့် မတ်လဒုတိယပတ်မှစ၍ တင်းနစ်ပြိုင်ပွဲများ ရွှေ့ဆိုင်း/ဖျက်သိမ်းမှုပြုလုပ်နေရပြီး အစောပိုင်းက ဇူလိုင်ဒုတိယပတ်တွင် ပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားသော်လည်း ထပ်မံရွှေ့ဆိုင်းခဲ့ရခြင်းဖြစ် သည်။ 

ATP Tour သည် ဇူလိုင် ၁၃ ရက်တွင်စတင်မည့် Hambur European Tour (ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့)၊ Hall of Fame Open (အမေရိကန်နိုင်ငံ နယူးပို့တ်မြို့)၊ ဆွီဒင်အိုးပင်း (ဆွီဒင်နိုင်ငံ ဘတ်စ် တက်ဒ်မြို့)၊ ဇူလိုင် ၂၀ ရက်တွင် စတင်မည့် Los Cabos Open (မက္ကဆီကိုနိုင်ငံ ကာဘိုဆန်လူးကပ်စ်မြို့)၊ ဆွစ်အိုးပင်း (ဆွစ်ဇာလန်နိုင်ငံ ဂတ်စ်တက်ဒ်မြို့)၊ ခရိုအေးရှားအိုးပင်း (ခရိုအေးရှားနိုင်ငံ အူမက်မြို့)၊ ဇူလိုင် ၂၇ ရက်တွင်စတင်မည့် အတ္တလန္တာ အိုးပင်း(အမေရိကန်နိုင်ငံ အတ္တလန္တာ မြို့)၊ သြစတြီးယားအိုးပင်း (သြစတြီး ယားနိုင်ငံ ဂစ်ဇ်ဗျူလ်မြို့) စသည့် ပြိုင်ပွဲရှစ်ပွဲကို ထပ်မံဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။ သို့ဖြစ်ရာ ATP Tour ပြိုင်ပွဲများကို သြဂုတ်ပထမ ပတ်မှ အစောဆုံး စတင်ကျင်းပနိုင် ဖွယ်ရှိပြီး ဇွန်လလယ်တွင် ထပ်မံ သုံးသပ်ဆွေးနွေး၍ ဆုံးဖြတ်မည်ဖြစ် ကြောင်း သိရသည်။

"ထပ်တိုးလိုက်သော ရပ်ဆိုင်းခြင်းဟာ ATP Challenge Tour နဲ့ ITF World Tennis Tour အမျိုး သားပွဲစဉ်တွေမှာလည်း အကျုံးဝင်ပါတယ်။ ၂၀၂၀ သြဂုတ် ၁ ရက်က စပြီး ပြိုင်ပွဲတွေကျင်းပနိုင်ဖို့ စီစဉ်ထားဆဲဖြစ်ပါတယ်။ ATP Tour ပြက္ခဒိန်ကို ဇွန်လလယ်မှာ အခြေအနေနဲ့လျော်ညီအောင် မွမ်းမံရေး ဆွဲနိုင်ဖို့ မျှော်မှန်းထားပါတယ်" ဟု ATP Tour က ထုတ်ပြန်ခဲ့သည်။

WTA Tour ကလည်း ဇူလိုင် ၁၃ ရက်တွင်စတင်မည့် ဘူခါရက်အိုးပင်း (ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့)၊ Ladies Open Lausanne (ဆွစ်ဇာလန်နိုင်ငံ လော်ဆန်းမြို့)၊ ဇူလိုင် ၂၀ ရက်တွင်စတင်မည့် Baltic Open (လတ်ဗီးယားနိုင်ငံ ယူမာလာမြို့) ပြိုင်ပွဲများကို ဖျက်သိမ်းမည် ဖြစ်ကြောင်း မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိအခြေအနေအရ အမျိုးသမီးပြိုင်ပွဲများမှာ အမျိုးသား ပြိုင်ပွဲများထက်စော၍ စတင်နိုင်ဖွယ်ရှိပြီး ပါလာမိုအိုးပင်းပြိုင်ပွဲကို အီတလီနိုင်ငံ ပါလာမိုမြို့၌ ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အထိလည်းကောင်း၊ ဂျာမနီနိုင်ငံ ကာလ်ရူဟာမြို့၌ကျင်းပမည့်ပြိုင်ပွဲကို ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၂ ရက်အထိလည်းကောင်း ကျင်းပရန် မျှော်မှန်းထားသည်။

Most Read

Most Recent