ဘွန်ဒစ်လီဂါပွဲစဉ်များကြည့်ရှုမည့် ပရိသတ်များအနေဖြင့် ကွင်းအတွင်းမှအသံကို စိတ်ကြိုက်ရွေးချယ်ခွင့်ရမည်

ဘွန်ဒစ်လီဂါပွဲစဉ်များကြည့်ရှုမည့် ပရိသတ်များအနေဖြင့် ကွင်းအတွင်းမှအသံကို စိတ်ကြိုက်ရွေးချယ်ခွင့်ရမည်
Published 16 May 2020

ပရိသတ်များအနေဖြင့် ဘွန်ဒစ်လီဂါပွဲစဉ်များအား ရုပ်သံမှကြည့်ရှု ရာတွင် ကွင်းအတွင်းမှအသံများကို မိမိစိတ်ကြိုက်ရွေးချယ်နားဆင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Sky ရုပ်သံသည် ပွဲစဉ်များအား နောက်ခံ စကားပြောတင်ဆက်မှုဖြင့် ပြသမည်ဖြစ်ပြီး ကွင်းအတွင်းရှိ သဘာဝအသံ (သို့မဟုတ်) ကြိုတင်သွင်းယူထားသည့် ပရိသတ်များ၏ အော်ဟစ်အားပေးသံနှင့် သီချင်းသီဆိုမှုများကို စိတ်ကြိုက်ရွေးချယ်နားဆင်နိုင်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

သဘာဝအသံကိုရွေးချယ်ပါက ကွင်းအတွင်းမှ နည်းပြများနှင့် ကစားသမားများ၊ ဒိုင်လူကြီးများ၏ အပြန်အလှန်ပြောဆိုမှုကို ကြားရမည်ဖြစ်ပြီး စောဒကတက်ခြင်းနှင့် ဆဲဆိုသံများကိုပါ ကြားရဖွယ်ရှိကြောင်း သိရသည်။

ကွင်းပိတ်ကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်များတွင် လိုအပ်သော တာဝန်ရှိသူနှင့် ဝန်ထမ်းအရေအတွက် (၃၀၀)ခန့်သာ ဝင်ခွင့်ပြုမည်ဖြစ်သည်။

ထို့ပြင် ကစားသမားများအနေဖြင့် ကွင်းအတွင်း တံတွေးထွေးခြင်း၊ ဂိုးသွင်းအပြီး အုပ်စုလိုက်အောင်ပွဲခံခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းများ ရှောင်ကြည်ဥမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent