အခြားဥရောပထိပ်တန်းလိဂ်များ ပြန်လည်ကစားရေးမှာ ဘွန်ဒစ်လီဂါအပေါ်တွင် မူတည်ကြောင်း တိုနီကရို့စ် ပြောကြား

အခြားဥရောပထိပ်တန်းလိဂ်များ ပြန်လည်ကစားရေးမှာ ဘွန်ဒစ်လီဂါအပေါ်တွင် မူတည်ကြောင်း တိုနီကရို့စ် ပြောကြား
Photos: Marca
Photos: Marca
Published 16 May 2020

ရီးယဲလ်ကွင်းလယ်လူ တိုနီကရို့စ်က အခြားဥရောပထိပ်တန်းလိဂ်များ ပြန်လည်ကစားရေးမှာ ဘွန်ဒစ်လီဂါပြိုင်ပွဲအပေါ်တွင် မူတည်နေကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်ကွင်းလယ်လူ တိုနီကရို့စ်က အခြားဥရောပထိပ်တန်းလိဂ်များ ပြန်လည်ကစားရေးမှာ ဘွန်ဒစ်လီဂါပြိုင်ပွဲအပေါ်တွင် မူတည်နေကြောင်း ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရပ်နားထားရသည့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများတွင် ဘွန်ဒစ်လီဂါပြိုင်ပွဲက အစောဆုံးအဖြစ် မေလ (၁၆)ရက် (ယနေ့)တွင် ပြန်လည်ကစားမည်ဖြစ်သည်။ 

ကိုရိုနာကပ်ဘေးကာလအတွင်း ကစားမည့် ဘွန်ဒစ်လီဂါပြိုင်ပွဲကိုသာ ပြီးဆုံးအောင် ကစားနိုင်ခြင်းမရှိပါက အခြားဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများမှာလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း တိုနီကရို့စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

တိုနီကရို့စ်က "စပိန်က လူတွေအားလုံး ဘွန်ဒစ်လီဂါပြိုင်ပွဲအခြေအနေကို စောင့်ကြည့်နေကြပါတယ်။ တကယ်လို့ ဂျာမနီမှာ ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြီးဆုံးအောင် မကစားနိုင်ဘူးဆိုရင် အခြားလိဂ်တွေကိုလည်း ကစားနိုင်မှာ မဟုတ်ပါဘူး။ ဂျာမနီက တခြားဥရောပထိပ်သီးလိဂ်တွေ ကျင်းပနေတဲ့ နိုင်ငံတွေနဲ့စာရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသေအပျောက် နည်းပါတယ်။ တကယ်လို့ ဘွန်ဒစ်လီဂါသာ ပြီးဆုံးအောင် မကစားနိုင်ဘူးဆိုရင် တခြားလိဂ်တွေလည်း ကစားကြမှာ မဟုတ်ပါဘူး။ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ အခြေအနေကိုကြည့်ပြီး တခြားလိဂ်တွေ ဆက်ကစားမယ်၊ မကစားဘူးကို ဆုံးဖြတ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

ထို့အပြင် တိုနီကရို့စ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် (၂)လကြာ Lockdown စည်းမျဉ်းများနှင့် နေထိုင်ခဲ့ရပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းရသည်မှာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်များကဲ့သို့ ဖြစ်နေကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent