ကစားသမား(၅)ဦးအထိ လူစားလဲခွင့်ရ၍ ဝမ်းမြောက်သည်ဟု ဒေါ့မွန်နည်းပြ ပြောကြား

ကစားသမား(၅)ဦးအထိ လူစားလဲခွင့်ရ၍ ဝမ်းမြောက်သည်ဟု ဒေါ့မွန်နည်းပြ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 15 May 2020

ဒေါ့မွန်အသင်း၏နည်းပြ လူစီယန်ဖာက ပြန်လည်စတင်မည့် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ကစားသမား(၅)ဦးအထိ လူစားလဲခွင့်ရမည်ဖြစ်၍ ဝမ်းမြောက်သည်ဟု ပြောကြားခဲ့သည်။ 

ဒေါ့မွန်အသင်း၏နည်းပြ လူစီယန်ဖာက ပြန်လည်စတင်မည့် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ကစားသမား(၅)ဦးအထိ လူစားလဲခွင့်ရမည်ဖြစ်၍ ဝမ်းမြောက်သည်ဟု ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်ကပ်ဘေးကာလအတွင်း ကစားမည့် ဘောလုံးပြိုင်ပွဲများတွင် ပွဲစဉ်တစ်ပွဲအတွင်း ကစားသမား (၅)ဦးအထိ လူစားလဲရန် နိုင်ငံတကာဘောလုံဘုတ်အဖွဲ့က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 

လူစီယန်ဖာက "ကစားသမား(၅)ဦး လူစားလဲနိုင်မှာကို ကျွန်တော် ဝမ်းမြောက်မိပါတယ်။ ဒါဟာ အလွန့်အလွန်ကောင်းတဲ့ စိတ်ကူးပါပဲ။ အသင်းတိုင်းလည်း ပျော်ရွှင်နေပါလိမ့်မယ်။  ခြေစမ်းပွဲမဟုတ်ပေမယ့် ဒါဟာ ကောင်းမွန်ပါတယ်"ဟုပြောကြားခဲ့သည်။ 

စည်းမျဉ်းသစ်အရ နည်းပြများအနေဖြင့် ကစားသမား(၅)ဦးကို (၃)ကြိမ်အတွင်းတွင်သာ လူစားလဲခွင့်ရမည်ဖြစ်သလို၊ တစ်ကြိမ်တွင် (၂)ဦးထက် ပိုလဲခွင့်မရှိကြောင်းလည်း သိရသည်။

ဒေါ့မွန်အသင်းသည် ယခုရာသီ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားတွင် ရမှတ် (၅၁)မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်အသင်း (၅၅ မှတ်)နှင့် (၄)မှတ် ကွာဟနေသည်။ 

Most Read

Most Recent