ပရီးမီးယားလိဂ်ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များကို ကြားကွင်း၌ကျင်းပမည့် အစီအစဉ်အစား မူလအတိုင်းအိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့်သာ ရာသီကုန်ဆုံးသည်အထိ ယှဉ်ပြိုင်ကစားရန် ခွင့်ပြုသွားမည်

ပရီးမီးယားလိဂ်ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များကို ကြားကွင်း၌ကျင်းပမည့် အစီအစဉ်အစား မူလအတိုင်းအိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့်သာ ရာသီကုန်ဆုံးသည်အထိ ယှဉ်ပြိုင်ကစားရန် ခွင့်ပြုသွားမည်
Photos: Getty Images
Photos: Getty Images
Published 13 May 2020

အစောပိုင်းက ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်များကို ကြားကွင်း ရှစ်ကွင်း၌ကစားရန် စီစဉ်ခဲ့ခြင်းမှာ ပွဲများကို ကွင်းပိတ်ကစားသော်လည်း ကွင်းပြင်ပတွင် ပရိသတ်များ စုဝေးရောက်ရှိလာနိုင်သည့်အချက်က အဓိကအကြောင်းပြချက်များအနက် တစ်ခုဖြစ်ခဲ့သည်။ သို့သော် ကလပ်အသင်း အချို့က ကြားကွင်းများ၌ကစားလျှင်လည်း အဆိုပါပြဿနာများ ရှိလာနိုင်သည်ဆိုသည့် အချက်ကို ထောက်ပြခဲ့ကြသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ လက်ကျန်ပွဲစဉ် များကို ကြားကွင်းများ၌ ကျင်းပမည့် အစီအစဉ်အစား မူလအတိုင်း အိမ်ကွင်း၊ အဝေးကွင်း ပုံစံဖြင့်သာ ရာသီကုန်ဆုံးသည်အထိ ယှဉ် ပြိုင်ကစားသွားရန် ခွင့်ပြုမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မီဒီယာနှင့် အားကစားဌာန၊ ရဲတပ်ဖွဲ့၊ အားကစားကွင်းများလုံခြုံရေးအာဏာပိုင်အဖွဲ့စသည့် အစိုးရတာဝန်ရှိသူများနှင့်အတူ ပရီးမီးယားလိဂ်အဖွဲ့ချုပ်၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့် အင်္ဂလိပ်ဘောလုံးလိဂ်အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပြီး နောက် မူလအတိုင်းသာ ကျင်းပသွားရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟု ယင်းသတင်းတွင် ရေးသားခဲ့သည်။ ကြားကွင်းများကို ပွဲများကျင်းပခွင့်လိုင်စင် ထုတ်ပေးရန်မှာ အ ငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်သဖြင့် ဗြိတိန် အစိုးရ၏အကြံပေးမှုနှင့်အတူ ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။ 

ထို့ ပြင် လုံခြုံရေးသတ်မှတ်ချက်များနှင့် ကိုက်ညီနေသည်နှင့်အမျှ ဒေသတွင်းရဲတပ်ဖွဲ့များအတွက် မည်သည့်ပြဿနာမျှ မရှိနိုင်သော ကြောင့် မူလစီစဉ်ထားသည့်ကွင်းများတွင်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု Daily Mail က သုံးသပ်ခဲ့သည်။ အစောပိုင်းက ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်များကို ကြားကွင်း ရှစ်ကွင်း၌ကစားရန် စီစဉ်ခဲ့ခြင်းမှာ ပွဲများကို ကွင်းပိတ်ကစားသော်လည်း ကွင်းပြင်ပတွင် ပရိသတ်များ စုဝေးရောက်ရှိလာနိုင်သည့်အချက်က အဓိကအကြောင်းပြချက်များအနက် တစ်ခုဖြစ်ခဲ့သည်။ သို့သော် ကလပ်အသင်း အချို့က ကြားကွင်းများ၌ကစားလျှင်လည်း အဆိုပါပြဿနာများ ရှိလာနိုင်သည်ဆိုသည့် အချက်ကို ထောက်ပြခဲ့ကြသည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများအ နေဖြင့် ဒေသတွင်းရဲတပ်ဖွဲ့များထံ လုံခြုံရေး အာမခံချက်ပေးရန် လိုအပ်ပြီး လုံလောက်သည့် လုံခြုံရေးအင်အားကိုလည်း အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ ကလပ်အသင်းများမှာ မူလစီစဉ်ထားသည့် ကွင်းများ$သာ ကစားခွင့်ရလျှင် လုံခြုံရေးကဏ္ဍအတွက် ငွေ ကြေးစိုက်ထုတ်သုံးစွဲရန် အသင့်ရှိနေသည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

ကြားကွင်းများတွင်ကစားမည့်အစီအစဉ်ကို ပြန်လည်စဉ်းစားပေးရန် ပရီးမီးယားလိဂ်အသင်း သုံးပုံနှစ်ပုံခန့်က အစိုးရတာဝန်ရှိသူများထံ   တရားဝင်ကန့်ကွက်ခဲ့ကြသည်။ အဆိုပါအသင်းများထဲတွင် တန်းဆင်းဇုန်တိုက်ပွဲအတွက် ရုန်းကန်နေရသော ဇယားအောက်ဆုံး ခြောက်သင်းဖြစ်သည့် ဘရိုက်တန်၊ ဝက်စ်ဟမ်း၊ ဝက်ဖို့ဒ်၊ ဘုန်းမောက်၊ အက်စတွန်ဗီလာနှင့် နောဝစ်ချ်အသင်းများအပြင် အာဆင်နယ်၊ ချယ်လ်ဆီး၊ စပါးစသည့် ထိပ်သီးအသင်းများလည်း ပါဝင်လျက်ရှိသည်။

Most Read

Most Recent