လေ့ကျင့်ရေးကွင်းတည်ဆောက်မှုကို လီဗာပူးလ် ပြန်လည်စတင်ရန် စီစဉ်

လေ့ကျင့်ရေးကွင်းတည်ဆောက်မှုကို လီဗာပူးလ် ပြန်လည်စတင်ရန် စီစဉ်
Photos: Liverpoolecho
Photos: Liverpoolecho
Published 13 May 2020

လီဗာပူးလ်အသင်းသည် ပေါင်သန်း(၅၀)တန် လေ့ကျင့်ရေးကွင်းတည်ဆောက်မှုကို ပြန်လည်စတင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် ပေါင်သန်း(၅၀)တန် လေ့ကျင့်ရေးကွင်းတည်ဆောက်မှုကို ပြန်လည်စတင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် Kirkby ဟု အမည်ပေးထားသည့် အဆိုပါလေ့ကျင့်ရေးကွင်းသစ်ကို ၂၀၂၀-၂၁ ရာသီတွင် စတင်အသုံးပြုနိုင်ရန်ရည်ရွယ်ကာ တည်ဆောက်နေခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် မတ်လကတည်းက တည်ဆောက်မှုများ ရပ်နားထားခဲ့ရခြင်းဖြစ်သည်။ 

ယခုအခါ ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်ရခဲ့ပြီဖြစ်သောကြောင့် ယခုလအတွင်း စတင်အကောင်အထည်ဖော်သွားဖွယ်ရှိကြောင်း သိရသည်။ 

သို့သော် (၂)လဝန်းကျင် ရပ်နားထားခဲ့ရသည့်အတွက် မူလ မျှော်မှန်းထားသည့်အချိန်အတိုင်း ပြီးစီးနိုင်တော့မည်မဟုတ်ဘဲ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းတွင်သာ ၂၀၂၁ ခုနှစ်အထိ ဆက်လက်လေ့ကျင့်သွားရဖွယ်ရှိကြောင်း သိရသည်။

Kirkby လေ့ကျင့်ရေးကွင်းမှာ စတုရန်းမီတာ (၉၂၀၀)အထိ ရှိပြီး Gym များ၊ ဒဏ်ရာကစားသမားများအတွက် ဆေးကုခန်းများ၊ ရေချိုးကန်များအပါအဝင် ကစားသမားများအတွက် လိုအပ်သည့်ခေတ်မီပစ္စည်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent