ဂျော်ဂျင်ဟိုအတွက် ကမ်းလှမ်းမှုများကို လက်ခံ စဉ်းစားရန် ချယ်လ်ဆီး အသင့်ရှိ

ဂျော်ဂျင်ဟိုအတွက် ကမ်းလှမ်းမှုများကို လက်ခံ စဉ်းစားရန် ချယ်လ်ဆီး အသင့်ရှိ
Published 11 May 2020

ချယ်လ်ဆီးအသင်းသည် အီတလီလက်ရွေးစင်ကွင်းလယ်လူ ဂျော်ဂျင်ဟိုအတွက် ကမ်းလှမ်းမှုများရှိလာခဲ့ပါက လက်ခံစဉ်းစားရန် အသင့်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Express က ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီသည် နာပိုလီအသင်းနှင့် ချယ်လ်ဆီးအသင်းကို သူကိုင်တွယ်စဉ်က သူ၏လက်အောက်တွင် ကစားခဲ့ဖူးသော ဂျော်ဂျင်ဟိုအား ဂျူဗင်တပ်စ်အသင်းသို့ခေါ်ယူရန် ဆန္ဒပြင်းပြနေကြောင်း သိရှိရသည်။

ဆာရီသည် နာပိုလီအသင်းမှ ချယ်လ်ဆီးအသင်းသို့ရောက်ရှိလာစဉ်က ဂျော်ဂျင်ဟိုအား အသင်းသို့  ချက်ချင်းဆိုသလို ခေါ်ဆောင်ခဲ့သူလည်းဖြစ်သည်။

ယခုဂျူဗင်တပ်စ်အသင်းတွင်လည်း ၎င်း၏တပည့်ဟောင်းဖြစ်သူ ဂျော်ဂျင်ဟိုနှင့် ပြန်လည်လက်တွဲလိုနေကြောင်း Daily Express က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဂျော်ဂျင်ဟိုအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း (၄၀)ခန့်အလိုရှိနေကြောင်း သိရသည်။