ဘောလုံးကစားခြင်းမှ အနားယူရန်အစီအစဉ်မရှိသေးဟု ရန်ကုန်ယူနိုက်တက်ဂိုးသမား ကျော်ဇင်ထက် ပြောကြား

ဘောလုံးကစားခြင်းမှ အနားယူရန်အစီအစဉ်မရှိသေးဟု ရန်ကုန်ယူနိုက်တက်ဂိုးသမား ကျော်ဇင်ထက် ပြောကြား
Photos: Kyaw Zin Htet Facebook
Photos: Kyaw Zin Htet Facebook
Published 10 May 2020

"ကျွန်တော့်အသက် ၃၃ နှစ်ရှိပါပြီ။ နောက် သုံး၊လေးနှစ်လောက်ကစားဖို့ လျာ ထားပါတယ်။ လတ်တလော အနားယူဖို့ အစီအစဉ်မရှိသေးပါဘူး။ ကစားနိုင်သလောက် ကစားမှာပါ။ ရန်ကုန်အသင်းနဲ့ ဒီနှစ်ကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ စာချုပ်သက်တမ်းတိုးမှာဖြစ်သလို ရန်ကုန်အသင်းမှာပဲ ဆက်ကစားချင်ပါတယ်" ဟု ကျော်ဇင်ထက်က ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ဂိုးသမား ကျော်ဇင်ထက်က ဘောလုံးကစားခြင်းမှ အနားယူရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော့်အသက် ၃၃ နှစ်ရှိပါပြီ။ နောက် သုံး၊လေးနှစ်လောက်ကစားဖို့ လျာထားပါတယ်။ လတ်တလော အနားယူဖို့ အစီအစဉ်မရှိသေးပါဘူး။ ကစားနိုင်သလောက် ကစားမှာပါ။ ရန်ကုန်အသင်းနဲ့ ဒီနှစ်ကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ စာချုပ်သက်တမ်းတိုးမှာဖြစ်သလို ရန်ကုန်အသင်းမှာပဲ ဆက်ကစားချင်ပါတယ်" ဟု ကျော်ဇင်ထက်က ပြောကြားခဲ့သည်။

ကျော်ဇင်ထက်သည် မြန်မာ့ဘောလုံး အပျော်တမ်းစနစ်ကတည်းက ကစားနေသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝတွင် KBZ (ယခု ရှမ်းယူနိုက်တက်)၊ ဇွဲကပင်အသင်းတို့၌ ကစားဖူးသလို ၂၀၁၇ ခုနှစ်တွင် ရန်ကုန်အသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။