■ မန်စီးတီးနှင့်ပွဲတွင် အဝေးကွင်းဖြစ်သော်လည်း အာဆင်နယ်အသင်း မရှုံးနိုင်ဟု ကလစ်ချီ သုံးသပ်     

■ မန်စီးတီးနှင့်ပွဲတွင် အဝေးကွင်းဖြစ်သော်လည်း အာဆင်နယ်အသင်း မရှုံးနိုင်ဟု ကလစ်ချီ သုံးသပ်     
Photo: Getty Images
Photo: Getty Images
Published 29 March 2024

မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့၏ ကစားသမားဟောင်းဖြစ်သူ ကလစ်ချီက တနင်္ဂနွေနေ့၌ နှစ်သင်းထိပ်တိုက် ဆုံတွေ့မည့်ပွဲတွင် အဝေးကွင်းဖြစ်သော်လည်း အာဆင်နယ်အသင်း မရှုံးနိုင်ဟု ခန့်မှန်းသုံးသပ်ခဲ့သည်။

    

ပြင်သစ်လက်ရွေးစင်နောက်ခံလူဟောင်း ကလစ်ချီ (၃၈ နှစ်) သည် အာဆင်နယ်အသင်းတွင် ၂၀၀၃ မှ ၂၀၁၁ အထိလည်းကောင်း၊ မန်စီးတီးအသင်းတွင် ၂၀၁၁ မှ ၂၀၁၇ အထိလည်းကောင်း ကစားခဲ့သူဖြစ်သည်။ 

၎င်းသည် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိရယူနိုင်ခဲ့ရာ၌ ပါဝင်ခဲ့သလို၊ မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ် ရယူနိုင်ခဲ့သူလည်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၂၈) ပွဲ ကစားပြီးချိန်တွင် ရမှတ် (၆၄) မှတ်နှင့် လီဗာပူးလ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်နေသည်။ မန်စီးတီးအသင်းမှာမူ ရမှတ် (၆၃) မှတ်ဖြင့် အဆင့် (၃) နေရာတွင် ရပ်တည်နေပြီး အာဆင်နယ်အသင်းနှင့် (၁) မှတ်သာ ကွာဟသည်။

ယခုအခါ အသင်းဟောင်းနှစ်သင်း ထိပ်တိုက်ဆုံတွေ့မည့် ပွဲကြီးပွဲကောင်းနှင့်ပတ်သက်၍ ကလစ်ချီက သုံးသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

"တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်း မရှုံးနိုင်ပါဘူး။ သရေဆိုရင် သူတို့က အမှတ်ပေးဇယားမှာ မန်စီးတီးရဲ့အထက်မှာ ဆက်ရှိနေမှာပါ။ ဒါပေမဲ့ မန်စီးတီးလိုအသင်းနဲ့ ရင်ဆိုင်ရချိန်မှာ တစ်မှတ်က မလုံလောက်နိုင်ပါဘူး။ အာဆင်နယ်အသင်းအနေနဲ့ (၃)မှတ်ရယူနိုင်ဖို့ ကြိုးစားရမှာပါ"ဟု ကလစ်ချီက ပြောကြားခဲ့သည်။ 

Most Read

Most Recent