Covid-19 ရောဂါတွေ့ရှိသူ လာလီဂါကစားသမားသုံးဦးအနက် နှစ်ဦးမှာ အက်သလက်တီကိုနောက်ခံလူ လိုဒီနှင့် ဆိုစီဒက်ဂိုးသမား ရေမီရိုဖြစ်ကြောင်း Mundo Deportivo ဖော်ပြ

Covid-19 ရောဂါတွေ့ရှိသူ လာလီဂါကစားသမားသုံးဦးအနက် နှစ်ဦးမှာ အက်သလက်တီကိုနောက်ခံလူ လိုဒီနှင့် ဆိုစီဒက်ဂိုးသမား ရေမီရိုဖြစ်ကြောင်း Mundo Deportivo ဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 10 May 2020

Mundo Deportivo သတင်းစာက ရောဂါပိုးတွေ့ရှိသူ လာလီဂါကစားသမားသုံးဦးအနက် နှစ်ဦးမှာ အက်သလက်တီကိုအသင်းနောက်ခံလူ လိုဒီနှင့် ဆိုစီဒက်အသင်းဂိုးသမား ရေမီရိုဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်ပြီး တတိယ ကစားသမားကိုမူ မသိရသေးကြောင်း ဆက်လက်ဖော်ပြခဲ့သည်။ 

Covid-19 ရောဂါပိုးတွေ့ရှိသူ လာလီဂါကစားသမားသုံးဦးအနက် နှစ်ဦးမှာ အက်သလက်တီကိုအသင်းနောက်ခံလူ လိုဒီနှင့် ဆိုစီဒက်အသင်း ဂိုးသမား ရေမီရိုဖြစ်ကြောင်း စပိန်နိုင်ငံထုတ် Mundo Deportivo သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

စပိန်ထိပ်တန်းလိဂ်နှစ်ခုရှိ ကစားသမားများနှင့် နည်းပြများအပါအဝင် လေ့ကျင့်ရေးဝန်ထမ်းများကို  Covid-19 ရောဂါ စစ်ဆေးမှုပြုလုပ်ရာ လာလီဂါကစားသမားသုံးဦးနှင့် ဆီဂန်ဒါကစားသမားနှစ်ဦး တွင် ရောဂါပိုးတွေ့ရှိကြောင်း Mundo Deportivo သတင်းစာ၏ဖော်ပြမှုကို ကိုးကား၍ RAC 1 ရေဒီယိုက မေ ၈ ရက်တွင် ထုတ်လွှင့်ကြေညာခဲ့သည်။ 

ထို့ပြင် Mundo Deportivo သတင်းစာက ရောဂါပိုးတွေ့ရှိသူ လာလီဂါကစားသမားသုံးဦးအနက် နှစ်ဦးမှာ အက်သလက်တီကိုအသင်းနောက်ခံလူ လိုဒီနှင့် ဆိုစီဒက်အသင်းဂိုးသမား ရေမီရိုဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်ပြီး တတိယ ကစားသမားကိုမူ မသိရသေးကြောင်း ဆက်လက်ဖော်ပြခဲ့သည်။ 

စပိန်သတင်း ဌာနများစွာ၏ ဖော်ပြချက်အရ အက်သလက်တီကိုအသင်းကစားသမား ၁၀ ဦး တွင် ဗိုင်းရပ်စ်တွေ့ရှိရသော်လည်း ဘရာဇီးလ်လက်ရွေးစင် လိုဒီတစ်ဦးတည်းသာ ကူးစက်ခံရခြင်းဖြစ်ပြီး ကျန်ကိုးဦးတွင်မူ ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်း (Antibody) တွေ့ရှိရကြောင်း သိရသည်။ လိုဒီသည် မတ်လအတွင်း တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာခံစားခဲ့ရဖူးပြီး လက်ရှိတွင် မည်သည့်လက္ခဏာမျှမပြ သော်လည်း ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့်  ၎င်းအား နေအိမ်၌ Quarantine နေထိုင်ရန် ညွှန်ကြားထားကြောင်းသိရသည်။