ကျော်ကိုကိုအား ခေါ်ယူရန် ထိုင်းလိဂ်-၁ ကလပ်(၂)သင်း စိတ်ဝင်စားနေ

ကျော်ကိုကိုအား ခေါ်ယူရန် ထိုင်းလိဂ်-၁ ကလပ်(၂)သင်း စိတ်ဝင်စားနေ
Photo: Sukhothai FC Facebook
Photo: Sukhothai FC Facebook
Published 10 May 2020

ကျော်ကိုကိုသည် ရာသီအစတွင် ပြောင်းရွှေ့ခဲ့သည့် ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ ဖြစ်နေသောကြောင့် အေးဂျင့်ဖြစ်သူမှတစ်ဆင့် ညှိနှိုင်းနေခြင်းဖြစ်သည်။ 

 

ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း နှင့် လမ်းခွဲခဲ့သည့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုအား ခေါ်ယူရန် ထိုင်းလိဂ် -၁ ကလပ်အသင်း (၂)သင်းက စိတ်ဝင်စားနေကြောင်း သိရသည်။

ကျော်ကိုကိုသည် ရာသီအစတွင် ပြောင်းရွှေ့ခဲ့သည့် ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ ဖြစ်နေသောကြောင့် အေးဂျင့်ဖြစ်သူမှတစ်ဆင့် ညှိနှိုင်းနေခြင်းဖြစ်သည်။ 

"ဆူခိုထိုင်းအသင်း နဲ့ လမ်းခွဲပြီးတဲ့အချိန်မှာ အေးဂျင့်ကတစ်ဆင့် အသင်းသစ်ရှာဖွေနေပါတယ်။ လောလောဆယ် အသင်း(၂)သင်းနဲ့ စကားပြောနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲရပ်နားထားတာကြောင့် အသင်းတွေနဲ့ ဆွေးနွေးမှု အပိုင်းမှာ အခက်အခဲရှိပါတယ်။ ရောဂါအခြေ အနေတည်ငြိမ်သွားမှ အပြီးသတ်ဆွေးနွေးရမှာပါ။ လောလောဆယ်တော့ ဘာမှပြောလို့ တော့ မရသေးပါဘူး။ ညှိနှိုင်းမှုတွေပြုလုပ်ပြီးမှ သေချာသိရမှာပါ"ဟု ကျော်ကိုကိုက  Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ကျော်ကိုကိုသည် ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားနေပြီး အသင်း(၃) သင်း၌ ပါဝင်ကစားထားသည်။