မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများကို ဧရာဝတီဖောင်ဒေးရှင်း ထောက်ပံ့မှုပြုလုပ်

မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများကို ဧရာဝတီဖောင်ဒေးရှင်း ထောက်ပံ့မှုပြုလုပ်
Photos : MFF
Photos : MFF
Published 5 May 2020

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း နှင့် ဒိုင်လူကြီးဟောင်းများအား ဧရာဝတီဖောင်ဒေးရှင်းမှ ထောက်ပံ့မှုပြုလုပ်သည့်အစီအစဉ်ကို ဧပြီ ၄ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုရိုနာ ဗိုင်းရပ်စ်ကာလအတွင်း Stay At Home အစီအစဉ်ဖြင့် နေထိုင်လျက်ရှိသည့် မြန်မာ့ လက်ရွေးစင်ကစားသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများအတွက် ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်ကစားသမားနှင့် ဒိုင်လူကြီးဟောင်း စုစုပေါင်း ၁၇၀ ကို တစ်ဦးလျှင် 5 KG ဆန်တစ်အိတ်နှင့် ကျပ်တစ်သိန်းစီထောက်ပံ့ခဲ့ကြောင်းသိရသည်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်အပါအဝင် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မက်စ်မြန်မာမှ တာဝန်ရှိသူ များ၊ ဦးသန်းတိုးအောင်အပါအဝင် လက်ရွေးစင်ကစားသမားဟောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲသို့ မတက်ရောက်နိုင်သော လက်ရွေးစင်ဟောင်းကစားသမားများနှင့် ဒိုင်လူကြီးဟောင်းများအတွက် ထောက်ပံ့ပစ္စည်းများကိုလည်း နေအိမ်အရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent