PSG သို့ နေမာ ပြောင်းရွှေ့ခဲ့ပြီးကတည်းက တစ်ပွဲကစားသည့် ကုန်ကျစရိတ်မှာ ပေါင်(၃.၃)သန်းအထိရှိ

PSG သို့ နေမာ ပြောင်းရွှေ့ခဲ့ပြီးကတည်းက တစ်ပွဲကစားသည့် ကုန်ကျစရိတ်မှာ ပေါင်(၃.၃)သန်းအထိရှိ
Photos: Getty Images
Photos: Getty Images
Published 1 May 2020

 

PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ၂၀၁၇ ခုနှစ် က အသင်းသို့ စတင်ရောက်ရှိချိန်ကတည်းက အသင်းအတွက် ပွဲစဉ်တစ် ပွဲကစားတိုင်း PSG အသင်းသည် ပေါင် (၃.၃)သန်းအထိ ကုန်ကျခဲ့သည်ဟု သိရှိရသည်။

နေမာသည် ဘာစီလိုနာအသင်းထံမှ PSG အသင်းထံသို့ ပေါင်(၁၉၈)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယင်းကာလအတွင်း PSG အသင်းပေးချေခဲ့သည့်လစာငွေမှာ ပေါင်(၆၂)သန်း အထိရှိသည်။ ယင်းအတွက်ကြောင့် စုစုပေါင်း ကုန်ကျစရိတ်မှာ ပေါင်သန်း (၂၆၀)အထိရှိခဲ့ပြီး ယင်းကာလအတွင်း နေမာကစားခဲ့သည့် ပွဲအရေအတွက်မှာ (၈၀)ရှိခဲ့သည်။

ယင်းအတွက်ကြောင့် နေမာကစားခဲ့သည့် ပွဲတစ်ပွဲအတွက် တစ်ပွဲပျမ်းမျှပြောင်းရွှေ့ကြေးမှာ ပေါင်(၂.၄၈)သန်းကုန်ကျကာ၊ တစ်ပွဲပျမ်းမျှလစာငွေမှာ ပေါင်(၇၇၇၅၀၀) ရှိနေ၍ နှစ်ခုပေါင်းကုန်ကျငွေမှာ ပေါင် (၃.၂၅)သန်းရှိနေကြောင်းလည်း သိရှိရသည်။

နေမာ ကစားခဲ့သည့် ပွဲအရေအတွက်သည် ယင်းကာလအတွင်း PSG အသင်း အမှန်တကယ်ကစားခဲ့သည့်ပွဲအရေအတွက်၏ တစ်ဝက်ကျော်သာရှိပြီး PSG အသင်းသည် ထိုကာလအတွင်း စုစုပေါင်း(၁၅၅)ပွဲ အထိ ကစားခဲ့ကြောင်းလည်း သိရှိရသည်။

နေမာသည် ယခုအချိန်တွင် PSG အသင်းမှ ထွက်ခွာလိုနေသည်ဟု သတင်းများထွက်ပေါ်နေပြီး အသင်း၏ ရည်မှန်းချက်ဖြစ်သည့် ချန်ပီယံလိဂ်ဖလားကိုမူ မရရှိသေးချေ။

 

Most Read

Most Recent