အာဆင်နယ်ဂန္ထဝင် အွန်နရီ၏စံချိန်ကို လိုက်မီရန် ဒီဘရိုင်းနား ပစ်မှတ်ထား

အာဆင်နယ်ဂန္ထဝင် အွန်နရီ၏စံချိန်ကို လိုက်မီရန် ဒီဘရိုင်းနား ပစ်မှတ်ထား
Published 30 April 2020

 

မန်စီးတီးအသင်း၏ ဘယ်လ်ဂျီယံကွင်း လယ်လူ ဒီဘရိုင်းနားသည် အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ၏စံချိန်ကို လိုက်မီနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

အွန်နရီသည် ၂၀၀၂-၀၃ ဘောလုံးရာသီက အာဆင်နယ်အသင်းအတွက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု (၂၀)ကြိမ်အထိပြုလုပ်ကာ ပရီးမီးယားလိဂ်၌ စံချိန်တင်ခဲ့သူဖြစ်သည်။

ဒီဘရိုင်းနားသည် ယခုရာသီတွင် မန်စီးတီးအသင်း၌ အသင်းဖော်များ ဂိုးသွင်းနိုင်ရန် ဂိုးဖန်တီးမှု (၁၆)ကြိမ်ပြုလုပ်ထားပြီး အွန်နရီ၏စံချိန်ကိုမီရန် (၄)ဂိုးသာလိုတော့သည်။

၎င်းက ''ကျွန်တော် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာ အွန်နရီ နဲ့တွေ့တော့ ဒါကိုပြောပြီး ဟာသလုပ်ခဲ့ပါတယ်။ ကွန်ပနီ ဂုဏ်ပြုပွဲကစားတော့လည်း ဒါကို ပြောဖြစ်ခဲ့ပါတယ်။ သူ့ရဲ့စံချိန်ကို ဒီနှစ်အတွင်းမှာ မီအောင်လုပ်ပြမယ် ဆိုပြီးတော့ပါ''ဟု ပြောကြားခဲ့သည်။

ဒီဘရိုင်းနားသည် ယခုနှစ် PFA အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းစားနေသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

သို့သော် ယင်းဆုပေးပွဲအခမ်းအနားကို ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရွှေ့ဆိုင်းထားရပြီး ပြန်လည်ကျင်းပမည့်ရက်ကို ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent