ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်
Photo: PA
Photo: PA
Published 8 March 2020

ချယ်လ်ဆီး - အဲဗာတန် (တနင်္ဂနွေည ၈:၃၀ နာရီ)

ချယ်လ်ဆီးအတွက်တော့ နောက်ထပ်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်ရမှာဖြစ်တယ်။ နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ပရီးမီးယားလိဂ်ရလဒ်တွေက ကျဆင်းနေတယ်။ ဒါ့အပြင် အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ မထင်မှတ်တဲ့ ရှုံးပွဲတွေ တွေ့လေ့ရှိတာကိုလည်း သတိပြုရမယ်။ အန်ဆယ်လော့တီလက်ထက်မှာ အဲဗာတန်က ပိုမာကျောပြီး စနစ်ကျလာတာကိုတွေ့ရပြီး ချယ်လ်ဆီးကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ များနေတယ်။ ချယ်လ်ဆီးမှာ ဂျော်ဂျင်ဟိုပွဲပယ်ခံထားရသလို၊ ကွန်တေလည်း မကစားနိုင်လို့ ကွင်းလယ်ပြဿနာရှိနိုင်ပြီး အိုဒွိုင်း၊ အေဘရာဟမ်၊ ပူလီဆစ်တို့မရှိတဲ့တိုက်စစ်က အားနည်းနေတယ်။ အိမ်ကွင်းမှာ အနိုင်ရသင့်ပေမယ့် သရေကျသွားရင်လည်း အံ့ဩစရာမရှိဘူး။ 

 

မန်ယူ - မန်စီးတီး (တနင်္ဂနွေည ၁၁:၀၀ နာရီ)

မန်ယူက ဒီရာသီမှာ မန်စီးတီးကို (၂)ကြိမ် အနိုင်ယူထားတဲ့အသင်းဖြစ်ပြီး ဒီပွဲကိုလည်း ယုံကြည်မှုအပြည့်နဲ့ကစားနိုင်လိမ့်မယ်လို့ ယူဆရတယ်။ မန်စီးတီးနဲ့ ဂွါဒီယိုလာတို့အတွက်တော့ ဒီပွဲက လီဗာပူးလ်ကို မီချင်း မမီချင်းထက်၊ သိက္ခာအတွက် ကစားရမယ့်ပွဲ၊ လက်စားချေဖို့ ကစားရမယ့်ပွဲဖြစ်ပြီး မန်ယူထက်တောင် ပိုအာရုံစိုက်နေနိုင်သေးတယ်။ မန်ယူအတွက် ပေါ့ဘာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ဒီပွဲမှာ ပြန်ပါလာဖို့က ၅၀-၅၀ အနေအထားရှိတယ်။ ပေါ့ဘာသာ ကစားနိုင်ရင် ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေး၊ ဖရက်ဒ်၊ မာတစ်တို့နဲ့အတူ ကွင်းလယ်က ပိုတောင့်တင်းသွားနိုင်တယ်။ တိုက်စစ်ပိုင်းမှာ ရပ်ရှ်ဖို့ဒ် မကစားနိုင်ပေမယ့် မာစီယဲလ် ဦးဆောင်နိုင်တာတွေ့ရပြီး မန်စီးတီးခံစစ်အမှားများပုံကြောင့် ခြိမ်းခြောက်နိုင်စွမ်းလည်း ရှိတယ်။ မန်စီးတီးမှာ ဒီဘရိုင်းနားခြေစွမ်းပြနေပြီး ဂျေးဇူး၊ မာရက်ဇ်တို့ကလည်း မန်ယူကို ဒုက္ခပေးနိုင်မယ့်သူတွေဖြစ်တယ်။ မန်စီးတီး ခြေသာနိုင်ပေမယ့် လက်ရှိအနေအထားအရ သိပ်မကွာဘူး။ မျှတယ်လို့ ပြောလို့ရတယ်။ သရေကျနိုင်တယ်။

 

 

Most Read

Most Recent