လာလီဂါပွဲစဉ်(၂၇) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်(၂၇) ပွဲကြိုသုံးသပ်ချက်
Published 7 March 2020

 

အီဘာ နှင့် မာယော့ကာ (စနေညနေ ၆း၃၀ နာရီ)

နှစ်သင်းစလုံး တန်းဆင်းအန္တရာယ်ရှိနေကြတဲ့အသင်းတွေပီပီ ရုန်းကန်ကြမှာသေချာတယ်။ မာယော့ကာရဲ့ရုန်းအား ပိုတက်လာသလိုတွေ့ရပေမယ့်လည်း အီဘာရဲ့အိမ်ကွင်းမာကျောမှု ကျော်ဖြတ်ဖို့ခက်ပါလိမ့်မယ်။ အီဘာနဲ့ ဂိုးအများပါပဲ။

အက်သလက်တီကို နှင့် ဆီဗီလာ (စနေည ၉း၃၀ နာရီ)

သေချာတယ်။ အက်သလက်တီကို ဒီပွဲအပေါ် အာရုံအပြည့်စိုက်ထားနိုင်မယ်မထင်ဘူး။ ဒီပွဲအပြီး အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ သွားရင်ဆိုင်ရမယ့်ပွဲအတွက်ပဲ အာရုံရောက်နေဖို့များတယ်။ ဆီဗီလာလည်း အတူတူပါပဲ။ ဒီပွဲအပြီး ရိုးမားနဲ့ ယူရိုပါ လိဂ်အိမ်ကွင်းပွဲနွှဲရဖို့ရှိနေတယ်။ ဒါကြောင့် (၂)သင်းစလုံး အခု ထိပ်တိုက်တွေ့ကြမယ့်ပွဲမှာ အင်အားကုန်သုံးကြမယ့်ပုံမပေါ်ဘူး။ တစ်သင်းနဲ့တစ်သင်း ထိန်းကစားရင်း အင်အားချွေတာထားကြလိမ့်မယ်။ ဒီနှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံမှု (၃)ကြိမ်စလုံးကလည်း သရေပွဲတွေနဲ့ပဲအဆုံးသတ်ထားလို့ ဒီနှစ်သင်းအကြား အင်အားချင်းကလည်း သိပ်အကွာကြီးမဟုတ်ဘူး။ အက်သလက်တီကိုကစားပုံက အိမ်ကွင်းမှာဆို စိတ်ချရမှုပိုရှိပေမယ့်လည်း ဆီဗီလာကလည်း နောက်ဆုံးအဝေးကွင်းပွဲမှာ ဂီတာဖေးလိုခံစစ်မာတဲ့အသင်းကို ဂိုးပြတ်အနိုင်ယူထားတဲ့အသင်းဖြစ်နေတယ်။ နှစ်သင်းစလုံးလည်း ထိန်းကစားသွားဖို့ရှိတဲ့အခြေအနေကြောင့် အရင်ပွဲတွေလိုပဲ (၁-၁)ဂိုးနဲ့ ပြီးဖို့များနေတယ်။

ဘာစီလိုနာ နှင့် ဆိုစီဒက် (စနေည ၁၂းဝ၀ နာရီ)

ဦးဆောင်သူရီးယဲလ်မက်ဒရစ်ကို အမီပြန်လိုက်နိုင်ဖို့ ဘာစီလိုနာ ဆက်ကြိုးစားရဦးမယ်။ အခုပွဲက အိမ်ကွင်းမှာဆိုတော့ ဘာစီလိုနာအတွက် အခွင့်အရေးပိုကောင်းနေတာလည်း အမှန်ပဲ။ ဘာစီလိုနာရဲ့ ဒီရာသီကစားနေပုံက အိမ်ကွင်းအားနဲ့ အဓိကသွားတဲ့ပုံပေါ်နေလို့ အိမ်ကွင်းဆိုရင် အမှားအယွင်းလည်း နည်းလေ့ရှိတယ်။ အသင်းတိုက်စစ်ပိုင်းကလည်း ကိုယ့်ပရိသတ်တွေရှေ့ဆိုရင် ဂိုးတွေပိုသွင်းပြနိုင်လေ့ရှိလို့ လာလီဂါအဝေးကွင်း နောက်ဆုံး (၂)ပွဲဆက် ရှုံးပွဲတွေ့ထားတဲ့ ဆိုစီဒက်ကိုလည်း ဖိအားပေးကစားပြနိုင်ဦးမှာသေချာတယ်။ ဒါပေမဲ့ ဆိုစီဒက်ရဲ့ စပိန်ဘုရင့်ဖလားအဝေးကွင်းပွဲမှာ ရီးယဲလ်မက်ဒရစ်ကို အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တာကို ကြည့်ရင် ဘာစီလိုနာအတွက် ပေ့ါဆလို့မရတဲ့ပြိုင်ဘက်မျိုး ဖြစ်နေတယ်။ ဘာစီလိုနာအတွက်ကံကောင်းတယ်ပြောနိုင်တာက ဆိုစီဒက် ဒီပွဲမတိုင်မီ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲရောက်ရေးအဆုံးအဖြတ်ပွဲကို နွှဲထားရတဲ့အချက်ပါပဲ။ နူးကမ့်မှာတော့ ဘာစီလိုနာနဲ့ ဂိုးအများကိုပဲ ရွေးထားရမယ်။

ဂီတာဖေး နှင့် ဆယ်လ်တာဗီဂို (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

တန်းဆင်းဇုန်ကနေလွတ်အောင် ဆယ်လ်တာဗီဂိုအတတ်နိုင်ဆုံး အမှတ်ပြန်ရှာနေတယ်။ နောက်ဆုံးကစားထားတဲ့ (၄)ပွဲ ဆက်ရှုံးပွဲမရှိတော့ဘူး။ ဒီ (၄)ပွဲမှာ အဝေးကွင်း (၂)ပွဲအဖြစ် ဂရန်နာဒါနဲ့ ရီးယဲလ်မက်ဒရစ်ကို သရေကစားထားနိုင်တာလည်းတွေ့ရတယ်။ ဂီတာဖေးကတော့ ဒီပွဲအပြီး အင်တာမီလန်နဲ့ကစားရမယ့်  ယူရိုပါလိဂ်ပွဲအပေါ် အာရုံပိုရောက်နေနိုင်တယ်။ ဒါပေမဲ့ အခုပွဲက အိမ်ကွင်းပွဲလည်းဖြစ်နေပြိး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း ရုန်းလာဖို့ရှိနေလို့ ဂီတာဖေးတို့ အမှတ်ယူဖို့ကြိုးစားဦးမှာပါ။ ဒီပွဲကိုလည်း ဂိုးနည်းသရေလောက်ပဲ မှန်းထားချင်တယ်။

 

Most Read

Most Recent