FA ဖလား ပဉ္စမအဆင့် ပွဲကြိုသုံးသပ်ချက်

FA ဖလား ပဉ္စမအဆင့် ပွဲကြိုသုံးသပ်ချက်
Published 3 March 2020

ချယ်လ်ဆီး နှင့် လီဗာပူးလ် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

ဒီရာသီမှာ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ တွေ့ခဲ့တဲ့ပွဲတိုင်း လီဗာပူးလ်က အနိုင်ရခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ကစားပုံမညံ့ခဲ့ တာတွေ့ရတယ်။ ဒါပေမဲ့ ပွဲရလဒ်မှာ လီဗာပူးလ်က အမြဲတမ်းအသာစီးယူသွားတာက တိုက်စစ်ပိုင်းကြောင့်ပဲ။ လီဗာပူးလ်တိုက် စစ်ကစားသမားတွေက ချယ်လ်ဆီးခံစစ်ရဲ့အားနည်းချက်ကို အမြဲရှာတွေ့ခဲ့ပြီး ဂိုးတွေသွင်းသွားကြတယ်။ လီဗာပူးလ်ကွင်း လယ်ကို ယှဉ်ကစားနိုင်တဲ့ တစ်ဦးချင်းကွျွမ်းကျင်မှုနဲ့ စုဖွဲ့မှုမျိုး ချယ်လ်ဆီးမှာ ရှိပေမယ့် တိုက်စစ်ပိုင်းချင်းကွာတာရော၊ ခံစစ် အရည်အသွေးကြောင့်ရော ချယ်လ်ဆီးအမြဲအခက်တွေ့ခဲ့ရတာဖြစ်တယ်။ လက်ရှိအချိန်မှာ လီဗာပူးလ်ရဲ့ ရလဒ်ပိုင်းက ကျ ဆင်းလာပြီး ခံစစ်ကလည်း နောက်ဆုံး (၃)ပွဲမှာ (၆)ဂိုးအထိ ခွင့်ပြုခဲ့ရတာတွေ့ရတယ်။ ခံစစ်ကစားပုံ သိသိသာသာကျဆင်း သွားတာထက် အသင်းဟန်ချက်မညီတဲ့ ပြဿနာမျိုးကို ပိုတွေ့ရပြီး တိုက်စစ်ထက်မြက်မှု၊ ကွင်းလယ်က ဟန်ချက်ထိန်းနိုင်မှု အပိုင်းတွေ အားနည်းလာတယ်။ ချယ်လ်ဆီးကတော့ မန်ယူ၊ ဘိုင်ယန်မြူးနစ်၊ ဘုန်းမောက်တို့နဲ့ ပွဲတွေမှာ အားရစရာမရှိခဲ့ဘူး။ (၃-၄-၃) ပြန်ကစားလာပြီး အလုပ်ဖြစ်သယောင်ရှိပေမယ့် ရလဒ်ပိုင်းကောင်းခဲ့တာ စပါးနဲ့ပွဲပဲ ရှိတယ်။ နှစ်သင်းစလုံးက ပုံမှန် အားဖြင့် ကစားပုံကောင်းပြီး၊ ခိုင်မာတဲ့ ကစားကွက်ရှိတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေလည်း ရှိနေတယ်။ ချယ်လ်ဆီး အတွက်တော့ ဒီတစ်ကြိမ်က လီဗာပူးလ်ကို အနိုင်ယူဖို့ အဖြစ်နိုင်ဆုံးအချိန်လို့ ပြောရမယ်။ 

ရက်ဒင်း နှင့် ရှက်ဖီးယူနိုက်တက် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ရက်ဒင်းက လိဂ်ချန်ပီယံရှစ်မှာ အထက်မတက်၊ အောက် မဆင်းအနေအထားဖြစ်ပြီး ဒီလိုဖလားပွဲတွေမှာ စိတ်ကြိုက်က စားလေ့ရှိတဲ့အသင်းမျိုးတွေလည်း ဖြစ်တယ်။ ပရီးမီးယားလိဂ် အသင်းအများစုနဲ့ လူအင်အားအရမ်းမကွာသလို၊ ဖိအားလည်း ကင်းတယ်။ ဒါပေမဲ့ ရှက်ဖီးယူနိုက်တက်က ခြေစွမ်းကောင်းပြီး စိတ်ဓာတ်ပိုင်းလည်းကောင်းတယ်။ နှစ်သင်းစလုံးအတွက် ခက် ခဲမယ့်ပွဲပါ။ ဒါပေမဲ့ ရှက်ဖီးယူနိုက်တက်ကိုကြိုက်တယ်။ 

ဝက်စ်ဘရွန်း နှင့် နယူးကာဆယ် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ဝက်စ်ဘရွန်းက လိဂ်ချန်ပီယံရှစ်မှာ ဦးဆောင်နေတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ နောက်ဆုံးပွဲမှာ ဝီဂန်ကို မထင်မှတ်ဘဲ ရှုံးခဲ့လို့ လိဒ်စ်ရဲ့ဖိအားပေးမှုကို ခံနေရပြီး အာရုံပြန်စိုက်ရမယ့်အနေအထားဖြစ်တယ်။ နယူးကာဆယ်ကလည်း ဝက်စ်ဘရွန်းလိုပဲ ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ ပိုအရေးကြီးနေတဲ့အနေအ ထားပါ။ အိမ်ကွင်းပွဲစဉ်ဖြစ်နေတာက ဝက်စ်ဘရွန်းရဲ့အားသာ ချက်ဖြစ်ပြီး သရေနဲ့အနိုင်ပါပဲ။ 

Most Read

Most Recent