ဘာစီလိုနာသို့ပြန်လာရန် နေမာ ဆန္ဒရှိနေပြီး တောင်းပန်ခြင်းမှာ ပထမခြေလှမ်းဖြစ်မည်ဟု မက်ဆီ ပြောကြား

ဘာစီလိုနာသို့ပြန်လာရန် နေမာ ဆန္ဒရှိနေပြီး တောင်းပန်ခြင်းမှာ ပထမခြေလှမ်းဖြစ်မည်ဟု မက်ဆီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 22 February 2020

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက PSG အသင်းတိုက်စစ်မှူးနေမာသည် ဘာစီလိုနာအသင်းသို့ပြန်လာရန် ဆန္ဒရှိနေပြီး တောင်းပန်ခြင်းမှာ ပထမခြေလှမ်းဖြစ်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက PSG အသင်းတိုက်စစ်မှူးနေမာသည် ဘာစီလိုနာအသင်းသို့ပြန်လာရန် ဆန္ဒရှိနေပြီး တောင်းပန်ခြင်းမှာ ပထမခြေလှမ်းဖြစ်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

    

နေမာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရရန် ကြိုးပမ်းခဲ့သလို ဒေါ့မွန်အသင်းကို ရှုံးနိမ့်သည့် ချန်ပီယံလိဂ်ပွဲအပြီးတွင် ၎င်းအား အစောပိုင်းပွဲများ၌ ကြိုတင်အသုံးမပြုခဲ့သည့် PSG အသင်း၏ ဆုံးဖြတ်ချက်ကို ဝေဖန်ပြောကြားခဲ့သည်။ 

ယင်းကဲ့သို့ ပြောကြားပြီးနောက် ရက်ပိုင်းအကြာမှာပင် မက်ဆီက Mundo Deportivo သတင်းစာနှင့် အင်တာဗျူးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"နေမာက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ကျွန်တော်လည်း သူ့ကိုပြန်လာစေချင်ပါတယ်။ သူထွက်သွားခဲ့တဲ့ပုံစံကြောင့် ပရိသတ်တွေ ခံစားရတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ အဲဒီအချိန်တုန်းက ကျွန်တော်လည်း စိတ်ရှုပ်ခဲ့ရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမလုပ်ဖို့ အားလုံးဝိုင်းပြီး ဖျောင်းဖျပေမယ့် မတားဆီးနိုင်ခဲ့လို့ပါ။ နေမာ ကိုယ်တိုင်လည်း တကယ်ပြန်လာချင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြန်လာနိုင်ဖို့ ကြိုးစားပေမယ့် အဆင်မပြေခဲ့လို့  သူလည်း စိတ်မကောင်းဖြစ်နေပါတယ်။ သူ ပြန်လာဖို့ ကြိုးစားတဲ့နေရာမှာ တောင်းပန်ခြင်းက ပထမခြေလှမ်းဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ အကောင်းဆုံးကစားသမားတွေကို အသင်းမှာ ရှိစေချင်တာပေါ့"ဟု မက်ဆီက ပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဘာစီလိုနာအသင်းတွင် ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၈၆)ပွဲတွင် (၁၀၅)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို၊ အသင်းနှင့် ချန်ပီယံလိဂ်၊ လာလီဂါချန်ပီယံဆုများအပါအဝင် ဆုဖလား (၈)လုံးအထိ ရရှိခဲ့သည်။ 

နေမာသည် ၂၀၁၇ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent