တပ်မဲရုံများ တပ်ပြင်ပသို့ ထုတ်မည့်အပေါ် အငြင်းပွားမှုဖြစ်ပေါ်နေချိန်တွင် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုများကို ဥပဒေက ခွင့်မလွှတ်နိုင်ဘဲ တရားစွဲ ခံရနိုင်သည်ဆိုသည့် ကော်မရှင်၏သတိပေးချက် ထွက်ပေါ်လာ

တပ်မဲရုံများ တပ်ပြင်ပသို့ ထုတ်မည့်အပေါ် အငြင်းပွားမှုဖြစ်ပေါ်နေချိန်တွင် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုများကို ဥပဒေက ခွင့်မလွှတ်နိုင်ဘဲ တရားစွဲ ခံရနိုင်သည်ဆိုသည့် ကော်မရှင်၏သတိပေးချက် ထွက်ပေါ်လာ
ဖေဖော်ဝါရီ ၂၀ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
ဖေဖော်ဝါရီ ၂၀ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
Published 22 February 2020
ကျော်ဇင်ဝင်း၊ ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

တပ်မတော်အတွင်းရှိ မဲရုံများကို တပ် ပြင်ပသို့ ထုတ်မည့်အပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်နေချိန်တွင် ပြည်ထောင်စုရွေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုများအား ဥပဒေကခွင့်မလွှတ်နိုင် ဘဲ တရားစွဲခံရနိုင်သည်ဆိုသည့်  NLD အစိုး ရက ရွေးချယ်ခန့်အပ်ထားသော ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးချက် တစ်ရပ်ထွက်ပေါ်လာသည်။

နေပြည်တော် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးတွင် ဖေဖော်ဝါရီ ၂၀ ရက်ကပြုလုပ်သည် သတင်းစာရှင်းလင်းပွဲ တွင် သတင်းထောက်တစ်ဦးက နိုင်ငံရေးပါတီ များ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အပေါ် ဝေဖန်မှုများရှိလာနေမှုနှင့်ပတ်သက် ၍ မေးမြန်းမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အထက် ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘယ်ပါတီပါဆိုပြီးတော့ ကျွန်တော်တို့ ခေါင်းထဲမှာသိပ်ထည့်မနေဘူး။ အစွဲအလမ်း ကင်းကင်းထားတယ်။ အားလုံးနဲ့အတူတူပဲ။ဘာပြောပြော။ ဘယ်လိုပြောပြော။ အတိုင်း အတာအထိကျွန်တော်တို့ခွင့်လွှတ်နိုင်ပေ မယ့် ဥပဒေက တစ်ခါတစ်ရံ ခွင့်မလွှတ်နိုင် တာရှိတယ်နော်။ ကျွန်တော်တို့ကတော့ ဘာမှ ကိစ္စမရှိဘူး။ ပြည်ခိုင်ဖြိုးဘာရယ်ဘာမှမဟုတ် ဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ ဘာသာ လုပ်မယ်။ ပြည်သူကပဲဆုံးဖြတ်မှာပေါ့နော်။ကျွန်တော်တို့ကိုလည်း ပြည်သူကဆုံးဖြတ် မယ်။ ပြည်သူက ကျွန်တော်တို့ကော်မရှင်ကို ပြည်သူရဲ့အဆုံးအဖြတ်ပဲခံယူမယ်”ဟု ဦးမြင့် နိုင်ကပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကို ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်၍ လူ တစ်ဦးချင်း ခေါ်ယူသတိပေးခြင်းမျိုးရှိသကဲ့ သို့ အဖွဲ့လိုက်ခေါ်ယူ၍ သတိပေးခြင်းမျိုး လည်း ရှိကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ဆိုသည်။

“ပါတီအနေနဲ့ဆိုရင်တော့မရှိဘူး။ဦးလှ ဆွေက ဂျာနယ်ထဲမှာဖော်ပြလို့ပြောခဲ့တာ တွေ။ အချို့ပါတီတွေလည်း အရေးအသားနဲ့ပတ်သက်လို့ပြောခဲ့တာပေါ့။ကျွန်တော်တို့ ဆီမှာ မှတ်တမ်းရှိတယ်။ တကယ်ပြောရရင် တော့ဖြင့် ပါတီတွေနဲ့သက်ဆိုင်တာပြောရရင် ၁၅ ခုလောက်ရှိမယ်။ ဘယ်ဟာတွေလည်း ပြောပါလို့ဆို တော့ ဒါကျတော့မကောင်းဘူး ပေါ့။ ဒါကျတော့ သိပ်မပြောသင့်ဘူးပေါ့”ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ထိုသို့ ရွေးကောက်ပွဲကော်မရှင်၏ သတိ ပေးချက်ထွက်လာချိန်သည် လွှတ်တော်တွင် ကော်မရှင်၏နည်းဥပဒေပြင်ဆင်ချက်အပေါ် အငြင်းပွားဆွေးနွေးနေချိန်နှင့်လည်း တိုက် ဆိုင်လျက်ရှိနေသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က လွှတ်တော်အသီးသီး၏ရွေးကောက်ပွဲ နည်းဥပဒေများတွင် တပ်မတော်မဲရုံများအား တပ်မတော်ပြင်ပသို့ ထုတ်ရန်နှင့် မဲဆန္ဒ ရှင် တစ်ဦးအနေဖြင့် ရောက်ရှိဒေသ၌ ရက်ပေါင်း ၁၈၀ နေထိုင်ပါက မဲပေးခွင့်ရရှိထားမှုအား ရက်ပေါင်း ၉၀ (သုံးလ)နေထိုင်ရုံဖြင့် မဲပေးခွင့် ရရန် စသည့်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး အဆို ပါ နည်းဥပဒေပြင်ဆင်ချက်များကို အတည်ပြု နိုင်ရန် လွှတ်တော်သို့ပေးပို့ထားသည်။

ယင်းသို့ပေးပို့ထားမှုအပေါ် လွှတ်တော် ကိုယ်စားလှယ်အချို့က ပြင်ဆင်ချက်အဆိုတင်သွင်းမှုရှိသဖြင့် ဖေဖော်ဝါရီ ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးမှုများပြု လုပ်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင် ချက်များအတိုင်းသာ အတည်ပြုခဲ့သည်။

တပ်ရင်းတပ်ဖွဲ့များအတွင်းရှိမဲရုံများ တပ်ပြင်ပသို့ ထုတ်မည့် ကော်မရှင်၏ အဆိုပြု ပြင်ဆင်ချက်အပေါ် တပ်မတော်သား လွှတ် တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင် က လွှတ်တော်တွင် ပြင်ဆင်ချက် တင်သွင်းခဲ့ သော်လည်းမဲခွဲဆုံးဖြတ်ရာတွင်ရှုံးနိမ့်ခဲ့ သည်။ 

 တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် တပ်တွင်းမဲရုံများ တပ်ပြင်ထုတ် ရမည်ဆိုသည့် အဆိုပြုပြဋ္ဌာန်းချက်အစား  သက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့်သူများ လွတ် လပ်စွာဝင်ထွက်သွားလာနိုင်ပြီး လုံခြုံရေးအရ တပ်တွင်း တပ်ပြင် သင့်လျော်သောနေရာကို တပ်မှူးနှင့်ညှိနှိုင်းရမည်ဆိုသည့် အချက်ကို အဆိုပြုချက်တင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၀ ရက် လွှတ်တော်အစည်းအဝေးအပြီးတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

“ဒါပေမဲ့လည်း ဒါတွေနဲ့ပတ်သက် ပြီးတော့ ဥပဒေကြမ်းကော်မတီမှာ ပူးပေါင်း ပြီးတော့ ဆွေးနွေးချက်အရ လုံခြုံရေးအရတို့ တပ်မှူးနဲ့ ညှိနှိုင်းရမယ့်ကိစ္စတို့ လျော့ပေးပြီး တော့မှ တပ်တွင်း တပ်ပြင် သင့်လျော်သော နေရာကို  ညှိနှိုင်းသတ်မှတ်ပေးရမည်။ ကျွန် တော်တို့ ဒီမှာလွတ်လပ်စွာဝင်ထွက်သွားလာ နိုင်တဲ့ တပ်တွင်း တပ်ပြင် သင့်လျော်သော နေရာကို သတ်မှတ်ပေးရမည်ဆိုပြီး ဒီလို ပြင် ဆင်ဖို့ဆိုပြီးတော့ ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်”ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

အထက်ပါကဲ့သို့ သဘောတူညီချက် ရခဲ့ သော်လည်း ဥပဒေကြမ်းပူးပေါင်း ကော်မ တီအနေဖြင့် သီးသန့်အတည်ပြုလိုက်သည့် အချိန်တွင် မူလညှိနှိုင်းထားသည့်အချက် မဟုတ်တော့ဘဲ ကော်မရှင်၏အဆိုပြုချက် အတိုင်း တပ်ပြင်တွင်ထားရမည်ဆိုသည့် အ ချက်ကို ဥပဒေကြမ်းကော်မတီက တင်ပြ လာကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ဗိုလ်မှူးချုပ်မောင်မောင်က “ဒါဘာလဲ ဆိုတော့ ကျွန်တော်တို့ သေချာပြောဆိုဆွေး နွေးကြတာနဲ့ပတ်သက်ပြီး သူတို့လက်ခံသလို ဖြစ်ပြီးတော့မှ နောက်ကွယ်က အကြောင်း တရားတစ်ခုကြောင့်မလို့ မူလအတိုင်းပဲ တပ် ပြင်ပဲထားရမယ်ဆိုတဲ့ပုံစံ ဖြစ်လာပါတယ်။ ကျွန်တော်တို့ ဆွေးနွေးတဲ့နေရာမှာလည်း တပ်တွင်း တပ်ပြင်ဆိုတာ ကျွန်တော်တို့ တပ် ရဲ့ သဘောသဘာဝအရ တစ်ချို့ဟာတွေက မြို့နဲ့ရပ်ရွာနဲ့နီးတဲ့တပ်တွေရှိသလို တစ်ချို့ ဟာတွေကျတော့ မြို့နဲ့ ရပ်ရွာနဲ့ အလွန်ဝေး ကွာတဲ့ နေရာတွေရှိတယ်။ တစ်ချို့တိုက်ပွဲ ဖြစ်ပွားနေတဲ့ နယ်မြေဒေသတွေမှာရှိတဲ့ တပ် တွေ လည်း ရှိတယ်။ ဒီလိုရှိတဲ့နေရာမှာ မဲရုံကို တပ်ပြင်ကိုထုတ်ပြီး သွားပြီးလုပ်ရမယ်ဆိုရင် တစ်ချို့ဟာတွေကျတော့လုံခြုံရေးအရ စိတ်မ ချရတဲ့နေရာတွေရှိပါတယ်။ ဒီတပ်ပြင်မှာ သွားရရင် ချောင်းမြောင်းပစ်ခံရတာတွေ၊ မိုင်းခွဲခံရတာတွေ၊ ဒါတွေရှိနိုင်ပါတယ်။နောက်တစ်ခုကလည်း ဒီလိုမဲသွားပေးဖို့အ တွက်ကို သယ်ယူပို့ဆောင်ရေးပေါ့၊ စစ်သည် တွေမိသားစုဝင်တွေကို သယ်ယူပို့ဆောင် ရေးကလည်း အခက်အခဲတစ်ခုအဖြစ် ဖြစ် လာမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် ယခုပြင်ဆင်ချက်နှင့်ပတ်သက် ၍ ပါတီတစ်ခု၏တာဝန်ရှိသူတစ်ဦးက တပ် မဲရုံများကို တပ်ပြင်ထုတ်မည်ဆိုသည့် မီဒီယာ ပေါ်တွင် သတင်းပျံ့နှံ့လာပြီးနောက် ရွေး ကောက်ပွဲကော်မရှင်၏ ပြင်ဆင်ချက်တက် လာခြင်းဖြစ်ကြောင်း ၎င်းင်းကပြောကြားသည်။

 “ဒါနဲ့ပတ်သက်လို့လည်း ဒါကြီးက လည်း သိပ်ပြီးတော့ မူမှန်မှုမရှိဘူးလို့တော့ ကျွန်တော်တို့ကတော့ အဲလိုယူဆရမှာဖြစ်ပါ တယ်။ စောစောကပြောသလိုပဲ ကျွန်တော်တို့ အနေနဲ့ကတော့ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ဒီလိုပဲလွတ်လွတ် လပ်လပ်နဲ့မျှမျှတတနဲ့အားလုံး ပွင့်ပွင့်လင်း လင်းနဲ့ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး တော့ ဒီမဲရုံတွေရှိတဲ့အတွက် ဘာပြဿနာမှ မရှိခဲ့ဖူးဘူး။ ဒီလိုပဲ အေးအေးချမ်းချမ်းနဲ့ပြီးသွားခဲ့တာပဲ။ဒီလိုလွတ်လပ်မျှတတဲ့ ရွေး ကောက်ပွဲဖြစ်လို့လည်း ဒီနေ့ဒီပါတီက အနိုင် ရ ပီးတော့ ဒီလိုအစိုးရတွေဖွဲ့နိုင်တာ၊ ဒီလို လွှတ်တော်တွေဖွဲ့နိုင်တာဖြစ်ပါတယ်။ တ ကယ်လို့ လွတ်လပ်မျှတမှုမရှိခဲ့ဘူးဆိုလို့ရှိ ရင် ဒီလိုမျိုးဖြစ်လာစရာအကြောင်းကို မရှိပါ ဘူး။ ဒါကြောင့်မလို့ ဒီလိုဆောင်ရွက်ခဲ့ပြီး တော့ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေး ကောက်ပွဲတွေမှာ ဘာမှ ပြဿနာမရှိခဲ့ဘဲနဲ့ အခုကျမှ တပ်မဲရုံတွေ အပြင်ထုတ်ရမယ် ဆိုတာမျိုးကြီးကတော့ တမင်လုပ်လာသလား ဆိုတာမျိုးတောင်မှ ဒီဥပဒေပြဋ္ဌာန်းချက်ကို တမင်လုပ်လာသလားဆိုတဲ့ဟာမျိုး အဓိပ္ပာယ် က ဖြစ်နေတာတွေ့ရပါတယ်”ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောကြားသည်။

အလားတူ တိုင်းရင်းသားနိုင်ငံရေး ပါတီများ ဝေဖန်ကန့်ကွက်လျက်ရှိသော မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ရောက်ရှိဒေသ၌ ရက်ပေါင်း ၁၈၀ နေထိုင်ပါက မဲပေးခွင့်ထား မှုအား ရက်ပေါင်း ၉၀ (သုံးလ)နေထိုင်ရုံဖြင့် မဲပေးခွင့်ရမည့်ပြင်ဆင်ချက်သည်လည်း လွှတ်တော်တွင်း၌ တိုင်းရင်းသားပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်အချို့က မူလ အတိုင်းထားရှိရန် ဆွေးနွေးခဲ့သော်လည်း ကော်မရှင်၏အတည်ပြုချက်အတိုင်းသာ အ တည်ဖြစ်ခဲ့သည်။

မဲဆန္ဒနယ်ပြင်ပသို့ အကြောင်းအမျိုး မျိုးကြောင့် ရောက်ရှိနေသည့် မဲဆန္ဒရှင် တစ် ဦးအား ယင်းဒေသတွင် ရက်ပေါင်း ၉၀ ဆို သည့် ကာလတိုအတွင်း နေထိုင်သည်နှင့် မဲ ပေး ခွင့်ပြုလိုက်မည်ဆိုပါက မဲဆန္ဒရှင် အရေ အတွက် နည်းပါသည့်မဲဆန္ဒနယ်များတွင် ကြီးမားသော သက်ရောက်မှုများဖြစ်လာ နိုင်ကြောင်း၊ ပြည်နယ်များရှိ မြို့နယ်အများ စုသည် မဲဆန္ဒရှင်ဦးရေ နည်းပါးသည့်အတွက် ပြည်နယ်အခြေစိုက် ကိုယ်စားပြုမှုကို ထိခိုက် စေမည်ဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရာတွင် အရေးကြီး သောတိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို လည်း အားလျော့သွားစေနိုင်ကြောင်း SNLD ပါတီဝင် မူဆယ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းဖိုးမြတ်က လွှတ်တော်၌ တင်ပြခဲ့သည်။

အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးလမာနော်အောင်က ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အ ထောက်အကူပြုရန်နှင့် တိုင်းရင်းသားများ အချင်းချင်း ယုံကြည်မှုတည်ဆောက်ရာတွင် အကျိုးပြုရန်အတွက် မူလဥပဒေအတိုင်း ထားပေးရန် တင်ပြဆွေးနွေးလိုကြောင်း၊ ရွေး ကောက်ပွဲကော်မရှင်၏ ပြင်ဆင်ချက်ကို ရွေ့ ပြောင်းအခြေချမှုများပြားသော ပြည်နယ် သားတစ်ယောက်အနေဖြင့်လည်းကောင်း၊ ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ၏ သဘောထားအမြင်ဖြင့်သော်လည်းကောင်း ယင်းပြင်ဆင်ချက်သည် ပေးထားသည့် အခွင့် အရေးကို လျှော့ချလိုက်သည်ဟု ခံစားရကြောင်း ဦးလမာနော်အောင်က တင်ပြခဲ့သည်။        

အထက်ပါပြင်ဆင်ချက်နှင့် ပတ်သက်၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင်ကလည်း မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိရန် ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏အဆိုပြုပြင်ဆင်ချက်အတိုင်းသာ အတည်ပြုခဲ့သည်။

 

 

Most Read

Most Recent