တစ်ဂိုးတည်း ရှုံးနိမ့်ထားသဖြင့်ပွဲမပြီးသေးဘဲ အန်ဖီးလ်ကွင်းမှကြိုဆိုကြောင်း ကလော့ပ် တုံ့ပြန်

တစ်ဂိုးတည်း ရှုံးနိမ့်ထားသဖြင့်ပွဲမပြီးသေးဘဲ အန်ဖီးလ်ကွင်းမှကြိုဆိုကြောင်း ကလော့ပ် တုံ့ပြန်
Photos: AFP
Photos: AFP
Published 19 February 2020

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းသည် ၁၆ သင်းအဆင့် ပထမအကျော့ပွဲတွင် အက်သလက်တီကိုအသင်းအား အဝေးကွင်း၌ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ အသာစီးရယူနိုင်ခဲ့သော်လည်း ဂိုးပေါက်တည့်သည့်ကန်သွင်းမှု တစ်ကြိမ်မျှမရှိသလို ပွဲအစ လေးမိနစ်မှာပင် ဆာအူလ်သွင်းယူသည့် တစ်ဂိုးတည်းဖြင့် ရှုံးပွဲကြုံ တွေ့ခဲ့သည်။ 

 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိအသင်းအနေဖြင့် အက်သလက်တီကိုအသင်းအား တစ်ဂိုးတည်းဖြင့် ရှုံးနိမ့်ထားသောကြောင့် ပွဲမပြီးဆုံးသေးဘဲ အန်ဖီးလ်ကွင်းသို့ လာရောက်အားပေးမည့်သူများကိုလည်း ကြိုဆိုကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းသည် ၁၆ သင်းအဆင့် ပထမအကျော့ပွဲတွင် အက်သလက်တီကိုအသင်းအား အဝေးကွင်း၌ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ အသာစီးရယူနိုင်ခဲ့သော်လည်း ဂိုးပေါက်တည့်သည့်ကန်သွင်းမှု တစ်ကြိမ်မျှမရှိသလို ပွဲအစ လေးမိနစ်မှာပင် ဆာအူလ်သွင်းယူသည့် တစ်ဂိုးတည်းဖြင့် ရှုံးပွဲကြုံ တွေ့ခဲ့သည်။ 

ထို့ပြင် အက်သလက်တီကို အသင်းနည်းပြ ဆီမြွန်နီအနေဖြင့် ပရိသတ်များ၏ အားပေးမှုရရှိရန် ပွဲချိန်တစ်လျှောက်လုံးနီးပါး လှုံ့ဆော်သည့်အမူအရာ မကြာခဏ ပြုလုပ်ခဲ့သောကြောင့် ကလော့ပ်က ယခုလို တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။ 

"ရလဒ်က (၁-၀) ပဲရှိပါသေးတယ်။ ကျွန်တော်တို့ (၅-၀) နဲ့ ရှုံးနိမ့်ခဲ့တာ မဟုတ်ပါဘူး။ ဒီရလဒ်ကြောင့် ကျွန်တော်တို့ကွင်းမှာ အလွယ်တကူကစားရမယ်လို့လည်း မထင်ပါဘူး။ လာမယ့်ပွဲအတွက် လက်မှတ်ဝယ်ထားကြတဲ့ အက်သလက်တီကို ပရိသတ်တွေအားလုံးကို အန်ဖီးလ်က ကြိုဆိုနေမှာပါ။ ကြည့်ရတာတော့ သူတို့က ဆီဆိုင်ကို တစ်ချိန်လုံးသွားခွင့်ရနေပြီး ကျွန်တော်တို့က ဆီတိုင်ကီတစ်လုံးတည်းနဲ့ မောင်းနေရတဲ့ ပုံစံနဲ့ တူနေတယ်။ ဒီယေဂိုက တခြားပွဲတွေမှာရော ဒီလိုပဲလားဆိုတာ ကျွန်တော်မသိပါဘူး။ သူက ပရိသတ်တွေကို တစ်ချိန်လုံးလှုံ့ဆော်နေလို့ပါ" ဟု ကလော့ပ်က ဆိုခဲ့သည်။