ပရီးမီးယားလိဂ်သို့ ပြန်လာလိုသည်ဟု ပြောကြားထားသူ ပိုချက်တီနိုကို မန်ယူအသင်းအမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်၏ အကြံပေးနှင့်အတူ တွေ့ရ

ပရီးမီးယားလိဂ်သို့ ပြန်လာလိုသည်ဟု ပြောကြားထားသူ ပိုချက်တီနိုကို မန်ယူအသင်းအမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်၏ အကြံပေးနှင့်အတူ တွေ့ရ
Photos: Getty Images,The Sun
Photos: Getty Images,The Sun
Published 12 February 2020

ပြီးခဲ့သည့် နိုဝင်ဘာတွင် စပါးအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ပိုချက်တီနိုသည် လိဂ်ချန်ပီယံရှစ်ပွဲစဉ်ဖြစ် သည့် ဘရန့်ဖို့ဒ်-လိဒ်စ်ပွဲကို လာရောက်ကြည့်ရှု ခဲ့ကြောင်း Sky Sports  သတင်းဌာနက Twitter တွင် ဗီဒီယိုဖိုင်တင်ခဲ့ပြီး ယင်းဗီဒီယိုတွင် အက်ဒ်ဝုဒ်ဝက်ဒ်၏အကြံပေး နီးလ်အက်ရှ် တန်ကိုပါ မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ 

 

 

ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြန်လာလို သည်ဟု ပြောကြားထားသည့် စပါးအသင်း နည်းပြဟောင်း ပိုချက်တီနိုကို ဖေဖော်ဝါရီ ၁၁ ရက် ဘရန့်ဖို့ဒ်-လိဒ်စ်ယူနိုက်တက်ပွဲတွင် မန်ယူအသင်းအမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်၏ အကြံပေးဖြစ်သူ နီးလ်အက်ရှ်တန် နှင့် အတူတွေ့ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာတွင် စပါးအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ပိုချက်တီနိုသည် လိဂ်ချန်ပီယံရှစ်ပွဲစဉ်ဖြစ် သည့် ဘရန့်ဖို့ဒ်-လိဒ်စ်ပွဲကို လာရောက်ကြည့်ရှု ခဲ့ကြောင်း Sky Sports  သတင်းဌာနက Twitter တွင် ဗီဒီယိုဖိုင်တင်ခဲ့ပြီး ယင်းဗီဒီယိုတွင် အက်ဒ်ဝုဒ်ဝက်ဒ်၏အကြံပေး နီးလ်အက်ရှ် တန်ကိုပါ မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ 

ပိုချက်တီနိုက ပွဲကြည့်စင်ပေါ်သို့ ဦးစွာရောက်ရှိလာ ပြီး လူတစ်ဦးနှင့် စကားပြောနေစဉ် အက်ရှ် တန်က နောက်မှလိုက်ပါလာခြင်းဖြစ်သည်။ တစ်မိနစ်ခွဲသာကြာမြင့်သည့် ဗီဒီယိုဖိုင်တွင် ၎င်းင်းတို့နှစ်ဦး တွေ့ဆုံစကားပြောနေသည်ကို မြင်တွေ့ရခြင်းမရှိသော်လည်း တိုက်ဆိုင်မှု မဟုတ်ဘဲ မန်ယူအသင်းနည်းပြရာထူးအတွက် ဆွေးနွေးခြင်းဖြစ်နိုင်ကြောင်း Twitter တွင် ခန့်မှန်းသုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။ 

ထို့ပြင် ဖေဖော်ဝါရီ ၁၁ ရက်က Sky SPorts၏ "In the Pink" Podcast အစီအစဉ်တွင် ပိုချက်တီနိုက ပရီးမီးယားလိဂ်သို့ပြန်လာလို ကြောင်း ပြောကြားခဲ့သောကြောင့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားနေရာတွင် အစား ထိုးဖွယ်ရှိသည့်သတင်းများ ပိုမိုထွက်ပေါ်လာ ကြောင်း သိရသည်။

"ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ရတာကို ကျွန်တော်သဘောကျပါတယ်။ ဒါက လွယ်ကူတဲ့အရာမဟုတ်ဘူးဆိုတာလည်း သိ ပါတယ်။ အခုအချိန်ကတော့ ဘာတွေဖြစ်လာ မလဲဆိုတာ စောင့်ကြည့်ရမယ့်ကာလပါ။ ဒီ အချိန်က ကိုယ့်အကြောင်းကိုယ်ပြန်တွေးပြီး အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်ထားရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးမှာ အချိန် မရွေး ဘာမဆိုဖြစ်နိုင်လို့ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ကျွန်တော်ကတော့ အဆင်သင့် ဖြစ်နေပြီး စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့ စောင့်နေပါတယ်။ နောက်ထပ်လာမယ့် စိန် ခေါ်မှုက အရမ်းကောင်းမယ်ဆိုတာ ယုံကြည်ထားပြီးသားပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

အာဂျင်တီးနားလက်ရွေးစင်ဟောင်း ပိုချက်တီနို (၄၇ နှစ်) သည် အက်စ်ပန်ညိုနှင့် ဆောက်သမ်တန်အသင်းတို့ကို ကိုင်တွယ်ဖူး ပြီး စပါးအသင်းကိုလည်း ၂၀၁၄ ခုနှစ် နွေ ရာသီမှ ပြီးခဲ့သည့် နိုဝင်ဘာအထိ ငါးရာသီခွဲကြာ တာဝန်ယူကိုင်တွယ်ခဲ့သည်။ 

၎င်းအနေ ဖြင့် စပါးအသင်းအား ဆုဖလားအောင်မြင်မှု ရယူပေးနိုင်ခြင်းမရှိသော်လည်း ပြိုင်ပွဲစုံ ၂၉၃ ပွဲ ကိုင်တွယ်ရာတွင် ၁၅၉ ပွဲနိုင်၊ ၆၂ ပွဲသရေ၊ ၇၂ ပွဲရှုံးရလဒ်ရရှိခဲ့ပြီး ချန်ပီယံလိဂ် (၂၀၁၈- ၂၀၁၉) နှင့် လိဂ်ဖလား (၂၀၁၄-၂၀၁၅) ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သလို ၂၀၁၆-၂၀၁၇ ရာသီတွင်လည်း ပရီးမီးယားလိဂ်၌ ဒုတိယရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

 

 

Most Read

Most Recent