တံကောက်ကြောဒဏ်ရာကြောင့် ယခုရာသီကုန်အထိ ဒမ်ဘီလီ အနားယူရဖွယ်ရှိ

တံကောက်ကြောဒဏ်ရာကြောင့် ယခုရာသီကုန်အထိ ဒမ်ဘီလီ အနားယူရဖွယ်ရှိ
Photo: Marca
Photo: Marca
Published 4 February 2020

ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီသည် တံကောက်ကြောဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

 

ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီသည် တံကောက်ကြောဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ ဒမ်ဘီလီသည် တံကောက်ကြောဒဏ်ရာကြောင့် (၁၀)ပတ်ခန့်အနားယူနေသူဖြစ်သည်။ 

၎င်းသည် ဇန်နဝါရီ (၃)ရက်က ပြုလုပ်သည့် အသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် တံကောက်ကြောဒဏ်ရာ ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့သည်။ 

ဘာစီလိုနာအသင်း၏ ထုတ်ပြန်ချက်တွင် "အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်ဆေးမှုတွေအရ ဒမ်ဘီလီရဲ့ ညာဘက် တံကောက်ကြောအရွတ် စုတ်ပြဲခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဒမ်ဘီလီ ဒဏ်ရာကပြန်လည်ကောင်းမွန်လာရေးအတွက် လုပ်ဆောင်သွားမှာပါ"ဟု ပါရှိသည်။ 

ဘာစီလိုနာအသင်းသည် ဒမ်ဘီလီ မည်မျှအနားယူရမည်ကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း စပိန်အားကစားသတင်းစာ Marca က ဒမ်ဘီလီအနေဖြင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းတွင် အဓိကတိုက်စစ်မှူးတစ်ဦး ဆွာရက်ဇ်မှာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူထားခြင်းကြောင့် အနားယူနေရသလို၊ မက်ဆီမှာလည်း ဒဏ်ရာ ပြဿနာများရှိနေကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။

ဒမ်ဘီလီသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲသာ ကစားထားရသေးပြီး (၁)ဂိုးသာ သွင်းယူထားသည်။

 

Most Read

Most Recent