ဘာပေ၊ နေမာတို့နှင့်ပတ်သက်၍ PSG နည်းပြတူဟယ်လ် ဖြေရှင်းချက်ပေး

ဘာပေ၊ နေမာတို့နှင့်ပတ်သက်၍ PSG နည်းပြတူဟယ်လ် ဖြေရှင်းချက်ပေး
Photos: Getty Images & Daily Mail
Photos: Getty Images & Daily Mail
Published 4 February 2020

PSG အသင်း၏နည်းပြ တူဟယ်လ်သည် ယခုရက်ပိုင်းအတွင်း အဓိကကစားသမားနှစ်ဦးဖြစ်သော ဘာပေ၊ နေမာတို့နှင့် ထိပ်တိုက်တွေ့သည့်အခြေအနေများ ဖြစ်ပေါ်ခဲ့၍ ဖြေရှင်းမှုများ ပြုလုပ်ခဲ့ရသည်။

PSG အသင်း၏နည်းပြ တူဟယ်လ်သည် ယခုရက်ပိုင်းအတွင်း အဓိကကစားသမားနှစ်ဦးဖြစ်သော ဘာပေ၊ နေမာတို့နှင့် ထိပ်တိုက်တွေ့သည့်အခြေအနေများ ဖြစ်ပေါ်ခဲ့၍ ဖြေရှင်းမှုများ ပြုလုပ်ခဲ့ရသည်။

    

တူဟယ်လ်သည် ပြီးခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ်တွင် ဘာပေကို လူ စားလဲခဲ့သဖြင့် ပြဿနာပေါ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းအတွက် တူဟယ်လ်က "ကျွန်တော်တို့ကြားမှာ ပုဂ္ဂိုလ်ရေးပြဿနာ မရှိပါဘူး။ ဒီဖြစ်ရပ်ကို တနင်္ဂနွေနေ့က လေ့ကျင့်ရေးအစီအစဉ်မှာ လီယိုနာဒို(အားကစားဒါရိုက်တာ)နဲ့ရော ဘာပေနဲ့ပါ ပြန်ပြောခဲ့ပြီးပါပြီ။ ဒီလိုအခြေအနေကို တချို့ကစားသမားတွေ လက်ခံရခက်မယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူတို့ နားလည်မှု ရှိသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

တိုက်စစ်မှူး နေမာနှင့် ပြဿနာမှာမူ ယခုကြားရက်၌ ပြင်သစ်လီဂူး ပွဲစဉ်ယှဉ်ပြိုင်ရန် ရှိနေချိန်၌ နေမာသည် အသင်းဖော်များနှင့်အတူ နိုက်ကလပ်တစ်ခုတွင် မွေးနေ့ပါတီပွဲဆင်နွှဲခဲ့ခြင်းကြောင့်ဖြစ်သည်။ 

ထို့ကြောင့် တူဟယ်လ်က ပြစ်တင်ပြောကြားမှုပြုလုပ်ခဲ့သော်လည်း နန့်စ်အသင်းနှင့်ပွဲ အတွက် လူရွေးချယ်ရာတွင် ပါတီပွဲ ၏ ရိုက်ခတ်မှုရှိလိမ့်မည်မဟုတ်ဟု ဆိုခဲ့သည်။ 

သို့ရာတွင် နန့်စ်နှင့်ပွဲအတွက် လူစာရင်းထုတ်ပြန်ရာ၌ နေမာ ပါဝင်လာခြင်းမရှိ၍ ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။ တူဟယ်လ်ကမူ နေမာတွင်  တင်ပါးဒဏ်ရာရှိနေခြင်းကြောင့်ဖြစ်သည်ဟု ဖြေရှင်းခဲ့သည်။

 

Most Read

Most Recent