ဝက်စ်ဟမ်းအသင်း တန်းဆင်းရလျှင် ကစားသမားများ လစာတစ်ဝက်သာ ရရှိမည်

ဝက်စ်ဟမ်းအသင်း တန်းဆင်းရလျှင် ကစားသမားများ လစာတစ်ဝက်သာ ရရှိမည်
Published 4 February 2020

 

ဝက်စ်ဟမ်းအသင်းမှ ကစားသမားများသည် ရာသီကုန်တွင် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရပါက လစာတစ်ဝက်သာ ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

ဝက်စ်ဟမ်းအသင်းသည် အဓိကကစားသမားအတော်များများအား စာချုပ်ချုပ်ဆိုရာတွင် ယင်းအချက်ကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

ဝက်စ်ဟမ်းအသင်းသည် လက်ရှိအချိန်တွင် (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနှင့်အတူ တန်းဆင်းဇုန်အတွင်း အဆင့်(၁၈)နေရာသို့ ရောက်ရှိနေသည်။ 

ထို့ပြင် လက်ကျန်(၁၃)ပွဲ၌ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါး၊ ချယ်လ်ဆီး၊ မန်ယူ စသည့် ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်းစလုံးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်၍ တန်းဆင်းဇုန်မှလွတ်မြောက်ရန် အလွန်ခက်ခဲဖွယ်ရှိနေသည်။ 

ယင်းအခြေအနေကြောင့် ဝက်စ်ဟမ်းအသင်းပရိသတ်များက အသင်းပိုင်ရှင်များအား ဆန္ဒပြမှုများ ထပ်မံပြုလုပ်ရန် စီစဉ်နေကြသည်။

 

Most Read

Most Recent